27 C
Yangon

မင်းလှမြို့တွင် ဆိုက်ကားနင်းသူ အသက် ၆၀ အရွယ် ဦးသန်းအောင်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်၍ သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ပဲခူးတိုင်း၊ မင်းလှမြို့တွင် ဆိုက်ကားနင်းသူ အသက် ၆၀ အရွယ် ဦးသန်းအောင်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်၍ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းတွင်နေထိုင်သည့် ဆိုက်ကားနင်းသူ အသက် ၆၀ နှစ်အရွယ် ဦးသန်းအောင်ကို မင်းလှမြို့နယ် ထွေအုပ်ရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးရိုက်နှက်ပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မိသားစုဝင်များကို မင်းလှဆေးရုံ၌ အလောင်းလာယူခိုင်းပြီး သွေးတိုးရောဂါဖြင့် သေဆုံးကြောင်း မိသားစုဝင်များကို ဖိအားပေး၍ လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရှိရသည်။

“မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းမှနေထိုင်တဲ့ ဦးသန်းအောင်ကို မင်းလှထွေအုပ်ရုံးရှေ့၌ စက်တင်ဘာလ ၂၉ ရက်နေ့က အရက်မူးနေတယ်ဆိုပြီး အကြောင်းမဲ့ ထွေအုပ်ရုံးထဲက စစ်ခွေးတွေနဲ့ ရဲခွေးတွေက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း ရိုက်နှက်လို့ နောက်တစ်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရတယ်။ ရုပ်အလောင်းကို အဲ့နေ့ပဲ မင်းလှဆေးရုံမှာ အလောင်းလာယူခိုင်းတယ် မိသားစုကို သွေးတိုးလို့သေတာဆိုပြီး ကာယကံရှင် မိသားစုဝင်တွေကိုလည်း ဖိအားပေးပြီး လက်မှတ်ထိုးခိုင်းပြီးမှ အလောင်းပြန်ပေးလိုက်တယ်လို့သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article