30 C
Yangon

အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ရေး KNU ၊ BGF ၊ စစ်ကောင်စီနှင့်ထိုင်းအစိုးရတို့အကြား ဆွေးနွေးသည်ဆိုသော သတင်းများမှာ အတည်ပြုနိုင်သော သတင်းများ မဟုတ်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

Must read

အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ရေး KNU ၊ BGF ၊ စစ်ကောင်စီနှင့်ထိုင်းအစိုးရတို့အကြား ဆွေးနွေးသည်ဆိုသော သတင်းများမှာ အတည်ပြုနိုင်သော သတင်းများ မဟုတ်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

🟥စစ်ကောင်စီကို ဘက်ပေါင်းစုံမှ ဖိအားပေးရန် KNU က မူဝါဒခိုင်ခိုင်မာမာချမှတ်ထား

ရန်ကုန်၊ အောက်တိုဘာ ၆

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်မှ မြန်မာနိုင်ငံတစ်ဝန်းသို့ ဆက်သွယ်သွားလာနေသော ကုန်သွယ်ရေးလမ်းဖြစ်သည့် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ရေး KNU ၊ BGF ၊ စစ်ကောင်စီနှင့်ထိုင်းအစိုးရတို့အကြား ဆွေးနွေးသည်ဆိုသော သတင်းများမှာ အတည်ပြုနိုင်သော သတင်းများ မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အာရှလမ်းမကြီးဖွင့်လှစ်နိုင်ရေး ဆွေးနွေးမှုများရှိနေသည်ဆိုသော သတင်းများကို တချို့သော သတင်းဌာနများက ဖော်ပြခဲ့ကြသော်လည်း ယင်းသတင်းမှာ အတည်ပြုမရသည့်သတင်းများဖြစ်ကြောင်း၊ KNU အနေဖြင့် တရားဝင် သိရှိထားခြင်းမရှိကြောင်း၊ KNU အနေဖြင့် စစ်ကောင်စီကို နည်းလမ်းမျိုးစုံဖြင့် ဘက်ပေါင်းစုံမှ ဆက်လက် ဖိအားပေးသွားမည်ဆိုသော မူဝါဒသာ ရှိကြောင်း ၎င်းက ရှင်းပြသည်။

“သတင်းဖော်ပြချက်အရသာ ကြားသိနေရတာပါ။အတည်ပြုလို့မရပါဘူး၊၊ တရားဝင်ကျနော်တို့ဘာမှမသိရပါဘူး။ ကျနော်တို့မူဝါဒအရက အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး၊ လူထုလှုပ်ရှားမှုအပါအဝင် ဘက်ပေါင်းစုံကနေဆက်ပြီးဖိအားပေးသွားမယ်လို့ဆုံးဖြတ်ချက်ချထားတာနဲ့အညီဆက်ပြီးဖိအားပေးသွားဖို့ပဲရှိပါတယ်” ဟု ပဒိုစောတောနီးက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ထိုင်း-မြန်မာ အာရှလမ်းမကြီးတစ်ခုလုံးကို KNU ဘက်က ထိန်းချုပ်ထားပြီး ယင်းလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရေး အဘက်ဘက်မှ နည်းလမ်းပေါင်းစုံဖြင့် ချည်းကပ်မှုများရှိကြောင်း၊ သို့ရာတွင် KNU အနေဖြင့် စစ်ကောင်စီအပေါ် မူဝါဒ ခိုင်ခိုင်မာမာ ဖြင့် ဆက်လက် ရပ်တည်နေကြောင်း ၎င်းက ရှင်းပြသည်။

“ထိုင်း-ကော်သူးလေ အာရှလမ်းမကြီးနယ်စပ်ကုန်သွယ်မှုတစ်ခုလုံးကို ကျနော်တို့ဖက်ကလုံးဝထိန်းချုပ်လိုက်ပြီးတဲ့နောက် အဖက်ဖက်ကနေ နည်းလမ်းပေါင်းစုံနဲ့ချဉ်းကပ်လာနေတယ်ဆိုတာကိုတော့ ငြင်းလို့မရသလိုကျနော်တို့အတွက်အထူးအဆန်းမဟုတ်တော့ပါဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

KNLA ဦးဆောင်သော ပူးပေါင်းတပ်များက မြဝတီမြို့၊ စစ်ကောင်စီ၏ သင်္ဃန်းညီနောင်အခြေစိုက် တပ်ရင်းများကို ဧပြီလ ၅ ရက်နေ့တွင် တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီး မြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ ကိုလည်း ဧပြီလ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုများဖြစ်ပေါ်ချိန်မှစတင်ပြီး အာရှလမ်းမကြီးမှတစ်ဆင့် ကုန်သွယ်ရေးလမ်းကြောင်းမှာ လုံး ၀ ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြ၀တီမြို့အဝင် ဆိုင်းဘုတ်တွင် မြင်တွေ့ရသည့် KNU နှင့် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article