31 C
Yangon

အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၉ မိုင်နီးပါးသာ ကွာဝေးသည့် မဲတောင်ဗျူဟာစခန်းနှင့် အနီးရှိ စစ်စခန်းအားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်၊ ရခိုင်ရှိ စစ်တပ်စခန်းများအားလုံး သိမ်းယူရေး ဆက်လက် ထိုးစစ်ဆင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၉ မိုင်နီးပါးသာကွာဝေးသည့် မဲတောင်ဗျူဟာစခန်းနှင့် ပတ်ဝန်း ကျင်ရှိ စစ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် အမ်းမြို့နယ်အတွင်း စစ်ကောင် စီ၏ လက်ကျန်တပ်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ မဲတောင်ဗျုဟာကုန်း သည် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် ၁၄ ကီလိုမီတာခန့်သာ (မိုင်အားဖြင့် ၈ ဒသမ ၆ မိုင်) ကွာဝေးကြောင်း သိရှိရသည်။

AA က တိုက်ခိုက်သိမ်းပိုက်ရရှိသော မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ ၁၀ လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ ၃၆၂၊ ခမရ ၃၆၅၊ ခမရ ၃၆၉ တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ ၅ လက် အောက်ခံ ခမရ ၃၄၆၊ ၃၇၃ ၊ ၃၇၂ တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပတ်ဝန်းကျင်တွင် လှုပ်ရှားကြနေကြခြင်းဖြစ်ကြောင်း၊ မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

AA က မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်းနှင့်ဆက်စပ်စခန်းကုန်းများကို ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ အမ်းမြိုနယ်၊ ကျောက်စကွဲကျေးရွာအနီး စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲဟာဗျူဟာကုန်း၏ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း AA က ပြောသည်။

AA က အာရက္ခဒေသအတွင်း၌ မိမိတိုသိမ်းပိုက်ရန်ကျန်ရှိနေသေးသော အကြမ်းဖက် စစ်ကောင် စီ၏ တပ်စခန်းများ အားလုံးကို တစ်ခုမကျန် ဆက်လက်သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ မောင်တော၊ ကျိန္တလီ နှင့် အမ်းစသည့်ဒေသများအတွင်း တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွား လျက်ကြောင်း၊ မောင်တောမြို့သိမ်းတိုက်ပွဲ၏ တစ်ခုတည်းသောစခန်းဖြစ်သည့် အကြမ်း ဖက် စစ်ကောင်စီ၏ နခခ ၅ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူရေး ဆက်လက်ထိုးစစ်ဆင်နေကြောင်း၊ တောင်ကုတ်၊ စကခ ၅ လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ ၃၄၆၊ ၅၄၄ တပ်စခန်းများ နှင့် အခြားသော စစ်တပ် စခန်းများကိုလည်း ဝိုင်းရံပိတ်ဆိုထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း AA က သတင်းထုတ် ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article