34 C
Yangon

ထိုင်းနိုင်ငံတွင် MOU စာချုပ်ပါ အလုပ်မရဘဲ ဒုက္ခရောက်နေသည့် မြန်မာ အလုပ်သမား ၂၀၀ ကျော်ကို စာချုပ်ပါ လစာ၏ ၇၅ ရာခိုင်နှုန်းပေးရန်နှင့် အလုပ်သစ် ရှာပေးရန် အေဂျင်စီဘက်က သဘောတူ လက်မှတ်ရေးထိုး

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့တွင် MOU စာချုပ်ပါ အလုပ်မရဘဲ ဒုက္ခရောက်နေသည့် အလုပ်သမားများအတွက် အလုပ်ရှာပေးရန်နှင့် အလုပ်ရှာမပေးနိုင်သေးပါက စာချုပ် လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်း ပေးရန် အလုပ်အကိုင်အေဂျင်စီ ZIN TUN WIN 999 ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း Worker Alliance Group မှ အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ZIN TUN WIN 999 ကုမ္ပဏီသည် အလုပ်သမားများကို ထိုင်းနိုင်ငံတွင် အလုပ်ရရှိမည်ဟုဆိုကာ MOU စာချုပ်ချုပ်၍ ခေါ်ဆိုခဲ့သော်လည်း ထိုင်းနိုင်ငံရောက်ချိန်တွင် စာချုပ်ပါ ကုမ္ပဏီ ဒေဝါလီခံရသည်ဆိုကာ အခြားအလုပ်များကို လုပ်ကိုင်ရန် ပြောဆိုခဲ့၍ အလုပ်သမားများစွာ ဒုက္ခမျိုးစုံ ကြုံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုလက်ရှိ အလုပ်သမားတွေကို ၇၅ ရာခိုင်နှုန်း တောင်းပေးထားတယ်။ ၇၅ ရာခိုင်နှုန်းဆိုတော့ တစ်ရက်ကို ၂၀၀ ကျော်ရမယ်။ အလုပ်သမားတွေကို ၇၅ ရာခိုင်နှုန်းနဲ့ အလုပ်တစ်ခု ပြန်ရှာသွင်းပေးရမယ် စာချုပ်ချုပ်ထားတယ်။ ပြီးတော့ အလုပ်သမားက ကိုယ့်သဘောဆန္ဒနဲ့ တခြားသွားရင်လည်း အေဂျင်စီဘက်က ဘိုင်ကျန့်အော် ကြည်ကြည်ဖြူဖြူထုတ်ပေးဖို့ သဘောတူလက်မှတ်ထိုးထားတယ်” ဟု Worker Alliance Group မှ အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများ အနေနှင့် ZIN TUN WIN 999 ကုမ္ပဏီနှင့် ဆက်သွယ်၍ မလာရန် သတိပေးလိုကြောင်း၊ အဆိုပါ ကုမ္ပဏီသည် ယခင်ကလည်း အလုပ်သမားနှင့် ပတ်သက်၍ စာချုပ်ပါစည်းမျဉ်းများကို ချိုးဖောက်သည့် နာမည်ပျက်ရှိဖူးသည့် ကုမ္ပဏီဖြစ်ကြောင်း Worker Alliance Group ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article