33 C
Yangon

ရန်ကုန်မြို့တွင် စစ်တပ်က ဧည့်စာရင်း အကြောင်းပြ၍ ဝင်ရောက် စီးနင်းမှုကြောင့် လူထုသပိတ် လှုပ်ရှားများတွင် ဦးဆောင်ပါဝင်သူ ကိုပိုင်ဖြိုးမင်း ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်တပ်က ဧည့်စာရင်း အကြောင်းပြ၍ ဝင်ရောက် စီးနင်းမှုကြောင့် လူထုသပိတ် လှုပ်ရှားများတွင် ဦးဆောင်ပါဝင်သူ ကိုပိုင်ဖြိုးမင်း ဖမ်းဆီးခံရကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) ၏ ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

ကိုပိုင်ဖြိုးမင်း (ခ) ဒီရေသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်း နှိပ်စက်မှုကို ခံရမည်ကို သပိတ်အင်အားစုများမှ အလွန်အမင်း စိုးရိမ်မိကြောင်း၊ အကြမ်းဖက် စစ်အာဏာရှင်နှင့် လက်ပါးစေများသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် လူတစ်ဦး၏ အသက်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်ရန်နှင့် အသက်သေဆုံးနိုင်သည်အထိ အပြင်းအထန် ညှင်းပန်းနှိပ်စက်ရန် ဝန်လေးသူများမဟုတ်ကြောင်း သက်သေ သာဓက များစွာလည်းရှိခဲ့ပြီးဖြစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မနေ့ညက ရန်ကုန်မှာ ဧည့်စာရင်း အကြောင်းပြ၍ ဝင်ရောက် စီးနင်းတာတွေရှိတယ်လို့ သိရတယ်။ ကိုပိုင်ဖြိုးမင်း ဖမ်းဆီးခံရတာတော့ အတည်ပြုပါတယ်။ သူက စစ်တပ်က သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ပစ်မှတ်ထားရှာဖွေခံနေရသူလည်းဖြစ်ပါတယ်။ လောလောဆယ် ကိုပိုင်ဖြိုးမင်းကိုဖမ်းဆီးပြီးနောက်မှာ တောင်ဥက္ကလာက သူ့နေအိမ်ကိုလည်း ၀င်ရောက်စီးနင်းခံနေရပါတယ်” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

လက်ရှိချိန်တွင် မတရားဖမ်းဆီးခံရသည့် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ) မဲကြီးနှင့် မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီမှ ရဲဘော်များကို လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန်လည်း တောင်းဆိုကြောင်း၊ လွတ်လပ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့သည် အရေးတော်ပုံတပ်သား ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့်အတူ ဖမ်းဆီးခံတော်လှန်ရေးရဲဘော်များအတွက် ထပ်လောင်းကြိုးပမ်းကာ လူထုသပိတ်အင်အားစုများ အနေဖြင့် စစ်အာဏာရှင် စနစ် အလုံးစုံပျက်သုဥ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့ အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု က အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article