27 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခက်ချောင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးနှင့် အဖိုးအို ၁ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခက်ချောင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးနှင့် အဖိုးအို ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခက်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးနှင့် အဖိုးအို ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၂၈၄ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စစ်ဗျူဟာစခန်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ကြခက်ချောင်းကျေးအတွင်းကို ပစ်ခတ်ခဲ့သောကြောင့် မူလတန်း အရွယ် ကလေးငယ် ၂ ဦး နှင့် အသက် ၆၀ အရွယ် အဖိုးအို ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ကြခက်ချောင်းကျေးအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ.၂၈၄ အခြေစိုက် စစ်ဗျူဟာစခန်း ကနေပြီးတော့ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်လို့ မူလတန်းအရွယ် ကလေးငယ် ၂ ဦး နဲ့ အသက် ၆၀ အရွယ် အဖိုးအို ၁ ဦးပြင်းထန် ဒဏ်ရာတယ်။ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article