33 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့ အမိန့်နဲ့ နိုင်ငံတစ်ဝန်း ပွဲရုံတွေ၊ ဂိုဒေါင်တွေ ကုန်တိုက်တွေနဲ့ စျေးတွေဆီကနေ ထိုင်းနဲ့ တရုတ်အပါအဝင် ပြည်ပက တင်သွင်းထားတဲ့ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းတွေကို စစ်တပ်က လိုက်လံစစ်ဆေးနေပြီး သွင်းကုန်လိုင်စင်နဲ့ ခွင့်ပြုချက်မပြနိုင်တဲ့ ထုတ်ကုန် ပစ္စည်းတွေအားလုံးကို သိမ်းဆည်းဖမ်းဆီးနေတယ်လို့ ကုန်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်တပ်သားတွေဆီကနေ သိမ်းဆည်း ရရှိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
  • ရှမ်းပြည်နယ်၊ သီပေါမြို့က အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဟောင်ဝှစ်ဇာလက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article