33 C
Yangon

ကရင်နီပြည်၊ ထူးချောင်းစခန်းကို သိမ်းပိုက်နယ်မြေရှင်းစဉ် မရေတွက်နိုင်သော ပုပ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိရပြီး လက်နက်ခဲယမ်းများပါ ရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲကြားရှိ ထူးချောင်းစခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် နေ့စဉ်ရက် ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး မခံနိုင်တော့သဖြင့် စခန်းစွန့် ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် ရှင်းလင်းစဉ် မရေတွက်နိုင်သော ပုပ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိရပြီး လက်နက်ခဲယမ်းများပါ ရရှိကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်အကြားရှိ ထူး ချောင်းစခန်းကုန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နေ့စဉ်ရက် ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း၊ စစ်သားအများအပြားသေဆုံးပြီး ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့သဖြင့် အောက် တို ဘာလ ၁၂ ရက်နေ့တွင် စစ်တပ်က စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ယင်းစခန်း အတွင်း နယ်မြေရှင်းလင်းစဉ် ရေမြောင်းအများအတွင်း၌ စွန့်ပစ်ထားခဲ့သည့် ပုတ်ပွနေသည့် စစ်သားအလောင်းအများအပြား နှင့်လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ဝင်တိုက်တော့ တစ်ခါ နှစ်ခါနာတယ်။ ဆုံးရှုံးမှုလည်းရှိတယ်။ ပြီးတော့ ကျနော်တို့ ဘက်က ဒရုန်းနဲ့ပဲချတယ်။ ဒရုန်းနဲ့ချတာက စက်တင် ဘာလ ၂၅ ရက်နေ့ကနေ ဒီအောက်တိုဘာလ အထိတောပါ့။ ဒီကောင်တွေ ဒရုန်းဒဏ်ကို မခံနိုင်တော့ ဆုတ်ခွာထွက်ပြေးသွားတာပေါ့၊စခန်းထဲမှာ အလာင်းတွေက မရေတွက်နိုင်ဘူး။ မြောင်း တွေထဲမှာ ပုပ်စော်နံလို့လေ။ ဝင်ရှင်းတယ်။ ဓာတ်ပုံရိုက်ပြီးတော့ပဲ ပြန်ထွက်ရတယ်။ ၁၂ ရက်နေ့မှ အကုန်ရှင်းလင်းပြီးပြီ။ စခန်းကုန်းနဲ့ ပင်မကုန်းပေါ့၊ နောက်ပြီးတော့ ၁၄ ရက်နေ့မှာ ပြန်သွားရှင်း တော့အလောင်းတွေဘာတွေတွေ့တာ။ ဓာတ်ပုံပဲရထားတယ်။ ရေမြောင်းတွေထဲမှာ ပစ်ထားခဲ့တာ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ထူးချောင်းစခန်းရှိ အကြမ်းဖက်စစ်သားများမှာ ဘောလခဲမြို့နယ်ရှိ စစ်ဗျူဟာကုန်းဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်ပြီး ထူးချောင်းနှင့် ပွန်ချောင်းဆုံရာ စခန်းဖြစ်ပြီး ဘောလခဲနှင့် ဖားဆောင်းမြို့ နယ် အတွက် စစ်ရေးအရ အရေးပါသည်နေရာတစ်ခုဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းမှုကို ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဖားဆောင်း PDF၊ KA Drone Force နှင့် ကရင်နီတပ်ပေါင်းစုတို့က ပူး ပေါင်းလုပ်ဆောင်ခဲ့ဖြစ်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – ထူးချောင်းစခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများနှင့် အလောင်းများစွန့်ပစ်ခဲ့သည့် ရေမြောင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article