29 C
Yangon

ပန်ဝါနှင့် ကမ်ပိုင်တီ ဒေသရှိ ချန်းယင်းခူး စစ်စခန်းနှင့် BGF ၁၀၀၃ တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်၊ ပန်ဝါနယ်စပ်ကို စစ်ဘေးရှောင်လာသည့် ပြည်သူများကို တရုတ်ဘက်က ပေးမဝင်ဘဲ ပိတ်ဆို့ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ကချင်ပြည်နယ်၊ ပန်ဝါနှင့် ကမ်ပိုင်တီ ဒေသရှိ ချန်းယင်းခူး စစ်စခန်းနှင့် BGF ၁၀၀၃ တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်လိုက်ပြီး ပန်ဝါနယ်စပ်ကို စစ်ဘေးရှောင်လာသည့် ပြည်သူများကို တရုတ်ဘက်က ပေးမဝင်ဘဲ ပိတ်ဆို့ထားကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပန်ဝါမြို့နှင့် ၆ မိုင်ခန့်အကွာရှိ ချန်းယင်းခူး စခန်းနှင့် ကမ်ပိုင်တီမြို့နှင့် ၇ မိုင်ခန့် အကွာရှိ BGF ၁၀၀၃ တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပန်ဝါနှင့် ကမ်ပိုင်တီ ဒေသတွင် လက်ရှိချိန်ထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး တရုတ်နိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများကို ပန်ဝါ နယ်စပ်ဂိတ်၌ တရုတ်နိုင်ငံက ပေးမဝင်ဘဲ ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“ချန်းယင်းခူး စခန်းကိုသိမ်းလိုက်တာ ပန်ဝါနဲ့ ၆ မိုင်လောက် ဝေးတယ်။ BGF ၁၀၀၃ တပ်ရင်းကိုမရသေးဘူး။ ကာကင်း ၂ ခုဘဲရသေးတယ်။ BGF ၁၀၀၃ တပ်ရင်က ရှိန်ကြိုင်ရွာနားမှာ ကမ်ပိုင်တီမြို့နဲ့ ၇ မိုင်ဝေးတယ်။ ဒီနေ့ ချန်းယင်းခူးစခန်း နဲ့ ဇုတ်လန် BGF ကာကင်း စခန်း ၂ ခုကိုသိမ်းလိုက်တာပါ။ BGF ၁၀၀၃ က မသိမ်းသေးဘူး။ တိုက်ပွဲဆက် လက်ပြင်းထန်နေတုန်းပဲ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article