32 C
Yangon

သရက် – မင်းတုန်း လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သရက် -မင်းတုန်း လမ်းပိုင်းရှိ သဖန်းကိုင်း ကျေးရွာအနီးတွင် အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မင်းတုန်းမြို့နယ်၊ ၅ မိုင်ဂိတ်မှ အင်အား ၂၅ ဦးခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ကျောက်ကြီးကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူပြီး သရက် -မင်းတုန်းလမ်းမပေါ်ရှိ သဖန်းကိုင်းကျေးရွာအနီး ဝင်ရောက် မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် အသင့်ထောင်ထားသော မိုင်းကွင်းထဲအရောက် အဝေး ထိန်း ရှေ့ ထွက်မိုင်း ၄ လုံး၊ ကွဲမိုင်း ၃ လုံးဖြင့် တပြိုင်တည်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်များ ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းက မင်းတုန်း ၅ မိုင်ဂိတ်ကနေ ထွက်လာပြီး ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာရှိတဲ့ ကျောက်ကြီးကျေးရွာဘက်ကို သန်းခေါင်စာရင်းဘာညာကောက်ပြီးတော့ ဒီဘက် မြေပြာတို့ တောင် ဘက် တို့ကို မဝင်ရသေးတော့ နောက်နေ့ဝင်ဖို့အတွက်နေလိမ့်မယ်။ ကျောက်ကြီးဘက်ကို ဝင်ပြီး တော့ မင်းတုန်းဘက် ကိုပြန်အလာမှာ အဲဒီနေရာကို နယ်မြေရှင်းတဲ့သဘော၊ သူတို့က ကားပေါ်က ဆင်းပြီးနယ်မြေရှင်းကြ တာပေါ့၊ နယ်မြေရှင်းတဲ့အချိန်မှာ အသင့်လုပ်ထားတဲ့ မိုင်းကွင်းထဲဝင်လာ တာနဲ့ခွဲလိုက်တာ” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ၎င်းတို့လာရောက် ဖောကားအဖြူရောင်ဖြင့် ကပစ ၁၂ အတွင်းသို့ ည ၈ နာရီအချိန်ခန့်တွင် သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် -၄ တပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article