27 C
Yangon

နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး စစ်တပ်က ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းများကို ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက်

Must read

နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး စစ်တပ်က ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းများကို ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ကျေးရွာရှိ စာသင်ကျောင်းတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ကို ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက် ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနကပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်က နောင်ချိုမြို့နယ်၊ ဂန့်ကော် ကျေးရွာရှိ စာသင်ကျောင်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ဂန့်ကော်ကျေးရွာရှိ စာသင် ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာတို့ကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံး ၁၈ လုံးလာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article