28 C
Yangon

မြန်မာဘက်သို့ အီလက်ထရောနစ်ပစ္စည်းများ၊ လူသုံးကုန်နှင့် အိမ်သုံးကုန်များ၊ စက်ကိရိယာနှင့် စက်ယန္တရားများ နယ်စပ်ဂိတ်ပေါက်များမှ တင်ပို့မှု တရုတ်အာဏာပိုင်များက အကြောင်းပြချက်မရှိ ပိတ်ပင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံသို့ အီလက်ထရောနစ်ပစ္စည်းများ၊ အိမ်သုံးကုန်နှင့်လူသုံးကုန်များ၊ ဆေးဝါးများ စက်ကိရိယာနှင့် စက်ယန္တရားများ နယ်စပ်ဂိတ်ပေါက်များမှ တင်ပို့မှုအားလုံးကို တရုတ်အာဏာပိုင်များက ပိတ်ပင်ထားကြောင်း မူဆယ်အခြေစိုက် ကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး မူဆယ်-ကြယ်ခေါင်ဘက်ရှိ နယ်စပ်ဂိတ်များအပါအဝင် ဂိတ်များအားလုံးမှ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်နှင့်အိမ်သုံးကုန်များ၊ စက်ကိရိယာနှင့် စက်ယန္တရား နယ်စပ်ဂိတ်ပေါက်များမှ မြန်မာဘက်သို့ လုံး၀ တင်ပို့ခွင့် မပြုတော့ကြောင်း၊ တရုတ်အာ ဏာပိုင်များက တင်းကျပ်စွာ စစ်ဆေးကြောင်း၊ အဝတ်အစားတချို့နှင့် အစားအသောက် တစ်ကိုယ်ရည်စာမျှသာ သယ်ယူခွင့်ပြုကြောင်း၊ လျှပ်စစ်ပစ္စည်းများ၊ စက်ယန္တရား၊ စက်ကိရိယာများ၊ ဆေးဝါးများကို အလွန်တင်းကျပ်စွာ စစ်ဆေးကြောင်း သိရှိရသည်။

“မနေ့မနက်ပိုင်းကစပြီး ပစ္စည်းတွေ မြန်မာဘက်အခြမ်းကို တင်သွင်းခွင့်ပိတ်တာ။ လျှပ်စစ်ပစ္စည်းတွေ လုံး၀ သယ်လို့ မရဘူး။ ဆေးဝါး၊ ဆေးပစ္စည်းတွေတင်လို့မရဘူး။ အစားအသောက်ဆိုရင်တောင် တစ်ကိုယ်ရည်စာပဲရတယ်။ ဆိုင်ကယ်တွေလည်း တင်လို့မရဘူး။ တားမြစ်ထားတာတွေ သယ်ရင် စာအုပ်သိမ်း၊ ပြည်ဝင်ခွင့် ၄ နှစ်ပိတ်မယ်ပြောတယ်။ စက်ပစ္စည်းဆိုရင် ဘာတစ်ခုမှ သယ်ခွင့်မပေးဘူး ။ ဘယ်လောက်ကြာမှန်းမသိဘူး။ ဘာလို့ ပိတ်တာလဲမေးတော့ ဘာအကြောင်းပြချက်မှ မပေးဘူး” ဟု မူဆယ်မြို့မှ တစ်ပိုင်တစ်နိုင် ကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နယ်စပ်ဂိတ်များတွင် တရုတ်ဘက်က အဖွဲ့ပေါင်းစုံဖြင့် ကုန်ပစ္စည်းများကို အလွန်တင်းကျပ်စွာ စစ်ဆေးခြင်းဖြစ်ပြီး တားမြစ်ပစ္စည်းများကို သယ် ဆောင်လာသည့် ကား၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များပေါ်မှ ဆွဲချကြောင်း၊ တရားဝင် သွင်းကုန်နှင့်ပို့ကုန် စာရွက်စာတမ်း အထောက် အထား မရှိသည့် ကုန်ပစ္စည်းမှန်သမျှ နယ်စပ်ဂိတ်မှ အဝင်အထွက် သယ်ယူခွင့် မပြုကြောင်း ကုန်သည်များက ရှင်းပြသည်။

“အရင်ဆိုရင် Online ကုန်ပစ္စည်းတွေ အထုပ်ပြပြီး သယ်လို့ရတယ်။ အခု ဘာမှ သယ်လို့မရတော့ဘူး။ Bluetooth ဖုန်းနားကြပ်တောင် သယ်ခွင့်မပေးဘူး။ အတော်ကြီးတင်းကျပ်တာ။ အွန်လိုင်းအရောင်းအဝယ်တွေပါ အကုန်ထိကုန်ပြီ” ဟု မူဆယ်အခြေစိုက် Online Shopping ဖြင့် ဖုန်းနှင့်ဖုန်းအပိုပစ္စည်းများ ရောင်းချနေသူတစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်များက မြို့သိမ်း၊ နယ်မြေသိမ်းတိုက်ပွဲများနှင့် စစ်ကောင်စီတပ်စခန်းများကို သိမ်း ပိုက်ပြီးနောက် တရုတ်နိုင်ငံက တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများနှင့်ထိစပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ပင်ခြင်းများ လုပ် ဆောင်လာခဲ့ရာမှ ယခုနောက်ဆုံး တရုတ်ဘက်မှ ကုန်ပစ္စည်းများ သယ်ယူခွင့်ကိုပါ လုံး၀ ပိတ်ပင်လာခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များ သက်ဆိုးရှည်စေသော တရားမဝင်ကုန်သွယ်ရေးများကို ဖြိုခွင်းမည်ဟုဆိုကာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သွင်းကုန်လိုင်စင်နှင့် အထောက်အထားမရှိသော တရုတ်နှင့်ထိုင်းထုတ်ကုန်များအားလုံးကို ဖမ်းဆီး သိမ်းဆည်းလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article