26 C
Yangon

နတ်တလင်းတွင် စစ်တပ်နှင့်ရဲများ၏ ဆိုင်ကယ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်သားများနှင့် ရဲများ စီးနင်းလာသော ဆိုင်ကယ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် နတ်တလင်းမြို့နယ် ဒမငယ် ကျေးရွာမှ စစ်သားနှင့် ရဲ အင်အား ၂၄ ဦးသည် ဆိုင်ကယ် ၁၂ စီးဖြင့်လည်းကောင်း၊ မကျီးပင်ကျေးရွာမှ စစ်သားနှင့် ရဲ ၁၀ ဦးတို့သည် ဆိုင်ကယ် ၅ စီးဖြင့်လည်းကောင်း အသီးသီးထွက်လာခဲ့ပြီး နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် အိုးဘိုကုန်းရွာ၌ တွေ့ဆုံပူးပေါင်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ အိုးဘိုကုန်းကျေးရွာ၌တွေ့ဆုံပြီးနောက် စစ်သား၊ ရဲ ၁၀ ဦးသည် ဆိုင်ကယ် ၅ စီးဖြင့် မကျီး ပင်ကျေးရွာသို့ ပြန်လည် ထွက်ခဲ့ရာ မကျီးပင်ကျေးရွာအနီး ဘုရားတောင်ကုန်းနားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အိုးဘို ကုန်းရွာထိပ်၌ ကျန်ရှိနေခဲ့သော စစ်သား၊ ရဲများသည် ဆိုင်ကယ် ၁၂ စီးဖြင့် ထပ်မံလိုက်လာခဲ့ရာ ပထမ အကြိမ်မိုင်းဆွဲထားသည့် နေရာအရောက် ကျန်ရှိနေသော မိုင်း များဖြင့် ထပ်မံ မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“ကင်းလှည့်တာတော့ မဟုတ်ဘူး။ ပစ္စည်းတစ်ခုခုချိတ်ဆက်ယူတာလို့ပဲ ထင်တယ်။ ဘာလို့လည်း ဆိုတော့ ဒမငယ်ကလာတဲ့ ဆိုင်ကယ် ၁၂ စီးနဲ့ မကျီးပင်ကထွက်လာတဲ့ ဆိုင်ကယ် ၅ စီးက အိုးဘို ကုန်းမှာ ဆုံကြတာဆိုတော့၊ ဒမငယ်မှာက ရဲကင်းစခန်းရှိတယ်။ မကျီးပင်မှာက စစ်တပ် ဂိတ်စခန်း ရှိ တယ်။ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ဗိုလ် ၁ ဦး နှင့် ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးဒဏ်ရာရ စစ်သား၊ ရဲများကို နတ်တလင်းမြို့ပေါ်မှ ရဲ ကား ၁ စီး၊ လူနာတင်ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁ ၊ တပ်ခွဲ-၂ (Phoenix DF) တပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် များကို အခွင့်အရေး ရလျှင်ရချင်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ထို့အကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်ကောင်စီဘက်တော်သားများ အနီး သွားလာနေထိုင်ခြင်းမပြုကြရန် ထုတ်ပြန် ထားသည်။

ဓာတ်ပုံ – ဆိုင်ကယ်ဖြင့်သွားလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဆိုင်ကယ်ဖြင့်သွားလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article