ဒီကနေ့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်မင်းအောင်လှိုင်ကို လာမယ့်နိုဝင်ဘာလမှာ တရုတ်နိုင်ငံကိုဖိတ်ခေါ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ဖိတ်ခေါ်ထားမှုကို ပြန်လည်သုံးသပ်သင့်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
- ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်း အင်အား ၁၂၀ ထက်မနည်းရှိတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် လိုက်တယ်လို့ KNU စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ်က ပြည်သူတွေကို ကိုယ်ခန္ဓာတွေ ခုတ်ထစ်သတ်ဖြတ်ကာ ချိတ်ဆွဲမှုဖြစ်စဉ်ကို ကုလသမဂ္ဂအစည်းအဝေးမှာ ဓာတ်ပုံတွေနဲ့တကွ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။
- မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး အဲဒီစစ်ကြောင်းမှာ အသားဖြူဖြူ လူကောင်ကြီးကြီး နိုင်ငံခြားသားတချို့ ပါဝင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar