24 C
Yangon

မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရမှု၏ လက်သည် မဖော်နိုင်သော စစ်ကောင်စီက ရန်ကုန်တရုတ်သံရုံးပတ်ဝန်းကျင်တွင် ရဲကင်းအသစ်များတည်ဆောက်ပြီး လမ်းပိတ် လုံခြုံရေး တိုးမြှင့်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရမှု၏ လက်သည်တရားခံ မဖော်ထုတ်နိုင်သော အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်တရုတ်သံရုံး ပတ်ပတ်လည်တွင် ရဲကင်းအသစ်များတည် ဆောက်ပြီး လမ်းများပိတ်ကာ လုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် တရုတ် ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှုဖြစ်ပွားကာ ခေါင်မိုးရေတံလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအတွက် လက်သည်တရားခံကို ဖော်ထုတ်ရန် တရုတ်အစိုးရက စစ်ကောင်စီကို တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပစ်ခတ်ခံရသည့် ၁၃ ရက်ကြာသည်အထိ စစ်ကောင်စီက မန္တလေးတရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်မှု၏ လက်သည်ကို မဖော်ထုတ်နိုင်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အမှတ် ၁ ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံး၏ ပတ်ပတ်လည်တွင် လမ်းများ ပိတ်ဆို့ခြင်း၊ သံဆူးကြိုး ဘယ်ရီရာများ ချထားခြင်း၊ ရဲကင်းအသစ်များ တည်ဆောက်ခြင်းတို့ဖြင့် လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက် စပြီး တရုတ်သံရုံးဘေး ဗဟိုလမ်းကို သံရုံးဘက် တစ်ခြမ်း ဘယ်ရီဂိတ်နဲ့ zigzag ပိတ်တယ်၊ အခု နှစ်ရက်လောက်က စပြီး လမ်း နှစ်ဖက်လုံး zigzag ဖြစ်သွားပြီ၊ ခရေပင်လမ်းပေါ်က ကောင်စစ်ဝန် ရုံးရှေ့က တော့ လမ်းတစ်ခြမ်းလုံး ပိတ်လိုက်ပြီ။ အခု ဗဟိုလမ်းပေါ်မှာ စစ်ခွေးကင်းတဲပါ တိုးလာပြီး ခွေးတွေ စောင့်နေပါတယ် “ဟု ရန်ကုန်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် တရုတ်သံရုံးကလည်း လမ်းမဘက်သို့ CCTV များပိုမိုတပ်ဆင်ထားပြီး တရုတ်သံရုံးမျက်နှာစာ ရှိရာ ကလေးဆေးရုံဘက်အခြမ်းတွင်လည်း စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးရဲများ တိုးမြှင့်ချထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article