33 C
Yangon

စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက် အောက်ခံ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက်အောက်ခံ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှစတင်ပြီး ဖီမော်မြို့အနီးတွင် တည်ရှိနေသော အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်း တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိလည်း ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း၊ ဖီမော်ဘက်မှ ဒေသပြည်သူများ စစ်ဘေးရှောင်နေကြပြီဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။

“အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းက ဖီမော်ဘက်မှာရှိနေတာ။ အဲဒါကလည်း တရုတ်နယ်စပ်မြို့ပဲ။ NDAK လက်အောက်ခံပဲ။ NDAK လက် အောက်မှာရှိတဲ့ နယ်ခြားစောင့် တပ်စခန်း ၃ ခုရှိတယ်။ အဲဒါက အမှတ် ၁၀၀၁ BGF က ဖီမော်က ။ အမှတ် ၁၀၀၂ က ပန်ဝါနဲ့ အမှတ် ၁၀၀၃ က ကန်ပိုက်တီ။ အမှတ် ၁၀၀၂ နဲ့ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်တွေက သိမ်းပြီးပြီ။ ဖီမော်ပဲ ကျန်တော့တာ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

KIA က အောက်တိုဘာလ ၁၄ ရက်နေ့ တွင် ပန်၀ါမြို့နှင့် ၅မိုင်ကျော်သာ ကွာဝေးသော အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

“တပ်စခန်းဌာနချုပ်တွေက အဓိကပဲ။ မြို့တွေကတော့ အခိုင်အမာထောက်ထားတဲ့ ကာကွယ်ထားတဲ့ တပ်စခန်းမရှိရင် ဘယ်လိုမှ ရပ်တည်မရဘူး” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ဇခုန်တန့်ယိန်း NDAK က ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အောက်တိုဘာလ ၁၄ ရက်နေ့ ပန်ဝါမြို့အနီးရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်ပြီးနောက် ဆိုင်းဘုတ်ကို ဖြုတ်ချနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အောက်တိုဘာလ ၁၄ ရက်နေ့ ပန်ဝါမြို့အနီးရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်ပြီးနောက် ဆိုင်းဘုတ်ကို ဖြုတ်ချနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article