ဒီကနေ့ အောက်တိုဘာ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံတစ်ဝန်းက စက်မှုဇုန်တွေ အားလုံးမှာ ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး တစ်ရက်ကို လျှပ်စစ်မီး ၄ နာရီသာ အလှည့်ကျပေးတော့မယ်ဆိုပြီး စစ်ကောင်စီက တရားဝင်ကြီးကို အကြောင်းကြားလာတယ်လို့ ရန်ကုန်တိုင်းစက်မှုဇုန်လုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ် ဖာပွန်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်သား ၁၀ ဦးရဲ့ မသာအလောင်းတွေကို သိမ်းဆည်းရရှိထားပြီး ၊ နောက်ထပ် စစ်သား ၆ ဦးကိုပါ အရှင်ဖမ်းမိထားတဲ့အပြင် ၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိထားတယ်လို့ KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်းက နတ်မောက်မြိုနယ်မှာ PDF တွေကို Live လွှင့်ပြီး စိန်ခေါ်ခဲ့သူ စစ်မှုထမ်းဟောင်း ပျူစောထီး ဇော်ဝင်းလို့ခေါ်တဲ့ နတ်မောက်သား မြွေဟောက် ဆိုသူကို PDF တပ်ဖွဲ့က ပစ်ခတ် ရှင်းလင်းရာမှာ နေရာမှာပဲ ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar