30 C
Yangon

အကြမ်းဖက်မင်းအောင်လှိုင် ၈ ကြိမ်မြောက် မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရန် နိုဝင်ဘာလ ၅ ရက်နေ့ တရုတ်နိုင်ငံသို့ သွားရောက်မည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်နေ့ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ကူမင်းတွင် နိုဝင်ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့ ပြုလုပ်မည့် ၈ ကြိမ်မြောက် မဲခေါင်နိုင်ငံများ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

မဲခေါင်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ၃ နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ၇ ကြိမ်မြောက် မဲခေါင်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့ ကာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အွန်လိုင်းမှသာ ပြုလုပ်ခဲ့ရသည်။

မင်းအောင်လှိုင်၏ ၅ ရက်ကြာ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံမှ စက်မှုဇုန်တချို့နှင့် မြို့တချို့သို့လည်း သွားရောက်လည်ပတ်ရန်ရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article