32 C
Yangon

တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာ စာသင်ကျောင်းနှင့် ကျေးရွာထဲသို့ စစ်တပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာ စာသင်ကျောင်းနှင့် ကျေးရွာထဲသို့ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ ည ၉ နာရီနှင့် ည ၁၀ နာရီ ၃၈ မိနစ် အချိန်မှ ည ၁၀ နာရီ ၅၆ မိနစ်အချိန်တို့တွင် အကြမ်းဖက် စစ်တပ်က ဇီးပေါက်ရွာ စာသင်ကျောင်းနှင့် ကျေးရွာထဲကို မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသည့် MiG-29 ဖိုက်တာ ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျေးရွာအတွင်းရှိ သာသနိက အဆောက်အအုံ တချို့နှင့် ကျေးရွာထဲရှိ နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ ပြည်သူများ မွေးမြူထားသော အိမ်မွေး တိရိစ္ဆာန်တချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“မနေ့ ညက MiG-29 ဖိုက်တာ ၂ စီး တက်လာပြီး တိုက်ပွဲဖြစ်ထားခြင်းမရှိတဲ့ တန့်ဆည်နယ် အနောက်ခြမ်း ဇီးပေါက်ရွာ စာသင်ကျောင်းနဲ့ ကျေးရွာအနီးတဝိုက်ကို ပေါင် ၅၀၀ ဗုံးတွေကျဲချ တိုက်ခိုက်ခဲ့ပါတယ်။ Rocket တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်သွားတယ်။ Y-12 စစ်ထောက်ပို့လေယာဥ် ၁ စီးကလည်း ဖိုက်တာတွေ ဗုံးကြဲနေချိန် ၁ နာရီကျော်ကြာ တန့်ဆည်နယ် အနောက်ခြမ်း ရွာတွေပေါ်မှာ ပျံဝဲကင်းထောက်ပေးခဲ့တယ်။ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ပါဘူး။ ဇီးပေါက်ရွာ စာသင်ကျောင်းထဲလည်း ကျရောက်ပေါက်ကွဲသလို သာသနိကအဆောက်အအုံတချို့လဲ ထိခိုက်ပျက်စီးသွားတယ်။ ရွာထဲကနေအိမ် ၄ လုံးလောက်လည်း ထိမှန်ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ဇီးပေါက်ရွာ အတွင်းပျက်စီးသွားသော နေအိမ်များ။

Photo credit – Taze News

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article