25 C
Yangon

ချောင်းဦးတွင် စစ်တပ် စစ်ကြောင်းနှင့် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲ အကြမ်းဖက် စစ်တပ်ဂိတ်မှ ထွက်လာသော စစ်ကြောင်းသည် လမ်းသွား လမ်းလာ ပြည်သူများကို မိုင်းရှင်းလင်းရေး လုပ်ဆောင်ခိုင်းခဲ့ကြောင့် ဖောက်ခွဲမှု မပြုလုပ်နိုင်ခဲ့ဘဲ ကျန်ရှိနေသော မိုင်းပွိုင့်များ အရောက်ကို စောင့်ဆိုင်း၍ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲ‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ သံလွင်မြန်မာဆီဆိုင်တွင် ပိုက်ဆံကောက်နေသော စစ်သားများကို အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force – South Monywa ၊ Youth Vigor Revolution Force နှင့် Shining Star Local Defense Forceတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article