34 C
Yangon

Breaking News- အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အကြိုမဲရလဒ်များအရ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အနိုင်ရရှိရန် ရာနှုန်းပြည့်သေချာနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အကြိုမဲရလဒ်များအရ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အနိုင်ရရှိရန် သေချာသွားပြီဖြစ်ကြောင်း အမေရိကန်အခြေစိုက် သတင်းမီဒီယာများက သတင်းဖော်ပြကြသည်။

လက်ရှိ ကနဦး မဲရလဒ်များအရ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန်အတွက် လိုအပ်သော Electoral Votes ၂၇၀ ပြည့်ရန် အနည်းငယ်သာလိုတော့ပြီး လက်ရှိတွင် Electoral Votes ၂၆၆ ရရှိထားကြောင်း၊ ဒီမိုကရက်တစ် သမ္မတလောင်း ကမလာဟဲရစ်မှာမူ Electoral Votes ၂၀၀ ဝန်းကျင်သာရရှိထားကြောင်း၊ ကျန်ရှိနေသော Michigan ၊ Wisconsin နှင့် Pennsylvania ပြည်နယ်များ အပါအဝင် မဲဆန္ဒနယ်များတွင်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကသာ ဦးဆောင်နေသဖြင့် လက်ရှိ ကနဦး မဲရလာဒ်များအရ ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည် ထောင်စု၏ ၄၇ မြောက် သမ္မတဖြစ်လာရန် နီးစပ်နေကြောင်း သတင်းဖော်ပြကြသည်။

လတ်တလော အမေရိကန်ဆီးနိတ်တွင် ရီပတ်ဘလစ်ကန်အမတ်အများစုက အနိုင်ရ ထိန်းချုပ်ထားပြီး သမ္မတအဖြစ် အနိုင်ရရန် နီးကပ်နေသော သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ၏ ထောက်ခံသူများကို ဖလော်ရီဒါပြည်နယ်ရှိ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးရေးဗဟိုဌာနတွင် အနိုင်ရ မိန့်ခွန်းပြော၍ အောင်ပွဲ ခံနေပြီဖြစ်သည်။

“ကျနော်တို့အနေနဲ့ လက်ရှိ ရလဒ်တွေမှာ လူထုထောက်ခံမှု အများဆုံး မဲ(Popular Vote) တွေလည်းရရှိထားပါတယ်။ ဒါက အရမ်းကောင်းပါတယ်။ အမေရိကန်ပြည်သူတွေက ကျနော်တို့ကို အင်မတန်မှ ကြီးမားတဲ့ ထောက်ခံမှုကို ပေးခဲ့ကြပါပြီ။ ကျနော်တို့ ဆီးနိတ်လွှတ်တော်ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါပြီ” ဟု အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောဆိုသည်။

ဒေါ်နယ်ထရမ့်သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၄၅ ကြိမ်မြောက် အမေရိကန်သမ္မတဖြစ်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကာ ယခု ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ အဖြစ် ဒုတိယအကြိမ် ပြန်လည် အနိုင် ရရှိခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article