25 C
Yangon

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ နွားထိုးကြီးတွင် ပိုက်လိုင်းစောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရန်ကုန်-မန္တလေး လမ်းဟောင်းမှ မန္တလေးဘက်ကို ထွက်လာသည့် စစ်ယာဉ်တန်းကို WTRF အဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့များက ညောင်ပင်လှရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကားသည် လမ်းဘေး၍ ထိုးရပ်သွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ၀မ်းတွင်းကနေ မန္တလေးကို ထွက်လာတဲ့ စစ်ယာဉ်တန်းရဲ့ နောက်ဆုံးကား ၁ စီးကို ညောင်ပင်လှကျေးရွာအနီးအရောက်မှာ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲ တိုက်ခိုက်မှုအပြီးမှာ ကားက ထိုးရပ်သွားတယ်။ စစ်ခွေး သေဆုံးမှုကိုတော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မိုင်းဆွဲမှု ဖြစ်ပွားသည့် အနီးအနားကို တောနင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး ယင်းလမ်းပိုင်းကို အသုံးပြုသွားလာသော ပြည်သူများအနေဖြင့် အထူးဂရုစိုက်သွားလာကြရန် Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင် ပိုက်လိုင်းစောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း Natogyi Regional Defence Force – NRDF မြင်းခြံခရိုင် အမှတ် – ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် နွားထိုးကြီးမြို့ရှိ ပြည်သူပိုင် နေအိမ်များတွင် တပ်စွဲထားသော ပိုက်လိုင်းစောင့် စစ်သားများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့က ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းနှင့် အတူ မြင်းခြံခရိုင် ပကဖ ၊ နွားထိုးကြီးမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နှစ်များအတွင်း ကရင်နီပြည်တွင် မိုင်းထိမှန်ထားသော စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ်များအတွင်း ကရင်နီပြည်တွင် မိုင်းထိမှန်ထားသော စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article