23 C
Yangon

သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန်ကြိုးစားခဲ့သည့် မူလတန်း ကျောင်းအုပ် ဆရာ အပါအဝင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်း ၉ ဦးကို ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကြိုးစားခဲ့သည့် မူလတန်းကျောင်းအုပ်ဆရာ ဦးသီးဖေပါ ၉ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၉ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာ မူလတန်းကျောင်းအုပ်ကြီး ဆရာကြီး ဦးသီးဖေ၊ ကျောင်းဆရာမနှစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဇနီးဖြစ်သူ သန်းစိုး၊ ပန်းချီရှောင်ရွာနေ ဦးကျော်အေး၊ သရက်နှစ်ခွကျေးရွာနေ ဆရာမနှစ်ဦးနှင့် မဲနယ်အိုကျေးရွာနေ ဆရာမ တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပူးပေါင်းပါဝင်ခဲ့ သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“သူတို့ကို ခေါ်လာကတည်းက သန်းခေါင်စာရင်းကောက်မဲ့အချိန်ပြီးရင် ပြန်လွှတ်ဖို့ ထိန်းသိမ်းထား တာပါ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ်လည်း သူတို့ကို ပုံမှန်အတိုင်းပဲ ကျနော်တို့နေသလို ထားပါတယ်။ သတိပေးတာတော့ရှိတာပေါ့၊ နိုဝင်ဘာလ ၁ ရက်နေ့ကပဲ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တာပါ” ဟု ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဒေါင်းညီနောင်စစ်ကြောင်းသည် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွင် ပါဝင် သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ သရက်ချောင်းမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီက သန်း ခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် ဘက်ပေါင်းစုံက နေ တတ်နိုင်သဘောက် ဝိုင်းဝန်းပေးကြဖို့နဲ့ ပြီးတော့ စစ်ကောင်စီက အတင်းလုပ်ချင်နေတဲ့ ရွေး ကောက်ပွဲကို ဘယ်လိုမျိုးတားဆီးကြမလဲဆိုတာ အဖြေရှာဆန့်ကျင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ဒေါင်းညီနောင်စစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဒေါင်းညီနောင်စစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article