27 C
Yangon

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က သဖန်ရွာမှ နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးပြီး သပြေပင်ရွာကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က သဖန်ရွာမှ နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးပြီး သပြေပင်ရွာကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း စည်ပါရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သဖန်ရွာမှ ပြည်သူပိုင် နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် သဖန်ရွာမှ သပြေပင်ရွာကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် မကျီးအုတ်ရွာ၊ သဖန်ရွာ၊ အင်းတဲရွာနှင့် သပြေပင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်တပ် စစ်ကြောင်းက သဖန်ရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့တာ နေအိမ် ၃၂ လုံးပါသွားတယ်လို့ သိရတယ်။ အခု သပြေပင်ရွာကို ရောက်ပြီလို့ ပြောတယ်။ ဘုတလင်မြို့ထဲကို ဝင်တယ်လို့ မကြားသေးဘူး။ အဲစစ်ကြောင်းက ရွာတွေကို နယ်မြေရှင်းတဲ့ ပုံစံမျိုး တတိယ အကြိမ် ထွက်လာတာပေါ့။ အဲဘက်က ရွာတွေက တစ်ရွာတစ်ရွာ လှမ်းတော့ တိမ်းရှောင်ရတဲ့ ရွာအရေအတွက်တော့ သိပ်မများဘူး” ဟု စည်ပါရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article