26 C
Yangon

ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရပ်လေးပင်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ပေါက်မြို့နယ် တောင်ပိုင်းရှိ သရပ်လေးပင်ရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော Yak-130 jet fighter ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ပေါက်မြို့နယ် အခြေစိုက် ကပစ ၂၄ အနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပေါက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း သရက်လေးပင် ကျေးရွာမှ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးကာ နွား ၆ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက အရပ်သား ပြည်သူကို လေကြောင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို နိုင်ငံတကာက အရေးယူဆောင်ရွက်မှု ပေးစေချင်တယ်။ စစ်ရေးပစ်မှတ် မဟုတ်ဘဲ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို လေကြောင်း ၊လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ အပါအဝင် ဘာသာရေး အဆောက်အဦး ဘုန်ကြီးကျောင်း စသဖြင့် နေရာတွေ တပ်စွဲတာ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင် နေတာကို ရပ်တန့် စေလိုပါတယ်။ ကျတော်တို့ တော်လှန်ရေး အင်အားစု တွေ နေထိုင်တာမျိုး တိုက်ပွဲ ဖြစ်ပွားနေတာမျိုး ဆိုရင် လက်နက်ကြီး၊ လေကြောင်း ပစ်တာ လက်ခံလို့ ရပါတယ်။ ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက် တာမျိုးကို ကျတော်လို့ လက်သင့်မခံပါဘူး” ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article