အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်အင်အားစုက “Airbus:Stop investing in War crimes” ခေါင်းစဥ်နှင့် ဆန္ဒပြ
ယင်းမာပင်တွင် အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်အင်အားစုက “Airbus:Stop investing in War crimes” ခေါင်းစဥ်နှင့် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြအထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေးရည်ရွယ်၍ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။