29 C
Yangon

မင်းတပ်နှင့်ဖလမ်းမြို့တို့ကို ချင်းညီနောင်တပ်များနှင့် မဟာမိတ်အဖွဲ့ တချို့ တို့က တိုက်ခိုက်နေပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ချင်းပြည်နယ်၊ မင်းတပ်နှင့်ဖလမ်းမြို့တို့ကို ချင်းညီနောင်တပ်များနှင့် မဟာမိတ်အဖွဲ့ တချို့ တို့က တိုက်ခိုက်နေပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေကြောင်း ချင်းညီ နောင်တပ်ဖွဲ့မှ တာဝန်ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့ရှိ စစ်ကောင်စီအခြေပြု စစ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက် ခိုက် လျက်ရှိကြောင်း၊ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ချင်းညီနောင်အဖွဲ့၏ အကူ အညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့ပါ ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း၊ မိတ်ဖက် အဖွဲ့အစည်းအိမ်နီးချင်းကောင်း ပီသစွာဖြင့် စစ်ဆင်ရေးတွင်လည်း ရွပ်ရွပ်ချွံချွံ ပူးပေါင်း တိုက်ပွဲဝင်လျက်ရှိကြောင်း သိရှိရသည်။

လတ်တလော ဖလမ်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ လက်နက်ချအလင်းဝင်ခြင်း၊စခန်းတချို့တို့ကို သိမ်းပိုက်ခြင်းများရှိနေသော်လည်းချင်းညီနောင်တပ်ဖွဲ့ဘက်က တရားဝင် အတည်ပြု ထုတ်ပြန်ခြင်းမရှိပေ။

ချင်းညီနောင်တပ်ဖွဲ့ကမူ စစ်ဆင်ရေးသတင်း၊ တိုက်ပွဲသတင်းများနှင့်ပတ်သက် ၍ မဟုတ်မမှန်ရေးသားဖော်ပြခြင်း၊ သတင်းမှား၊ သတင်းတုများ ရေးသားဖြန့်ဝေနေခြင်းများကို တွေ့ရှိနေရကြောင်း၊ ချင်းညီနောင်တပ်ဖွဲ့က တိကျမှန်ကန်သော သတင်းများနှင့်အောင်ပွဲရ သတင်းများကို အချိန်နှင့်တ​ပြေးညီ ဆက် လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

“လက်ရှိမှာ စစ်ရေး လုံခြုံရေးအရ အောင်ပွဲဖြစ်ဖြစ်၊ ကျဆုံးဒဏ်ရာရဖြစ်ဖြစ်၊ စစ်ရေးသတင်းကို မသေချာဘဲ မတင်ဖို့ တောင်းဆိုပါတယ်” ဟု ချင်းညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ဖလမ်းနှင့် မင်းတပ်မြို့တို့ကို လေယာဉ်ဗုံးကျဲခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် စစ်ကူအင်အားများ ဖြည့်တည်းခြင်းများကို ယခု နိုဝင်ဘာလ ဆန်းပိုင်းတွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – ချင်းညီနောင်တပ်ဖွဲ့မှ CNDF တပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ချင်းညီနောင်တပ်ဖွဲ့မှ CNDF တပ်ဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article