24 C
Yangon

ဆောမြို့နယ်၊ ကံချောင်းကျေးရွာအနီးသို့ စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာအနီးသို့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိုဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စပါးခင်းများပျက်စီးခဲ့ကြောင်း ယောအလင်း တန်းမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ မကွေး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောမြို့နယ်၊ ကံ ချောင်းကျေးရွာအနီးကို ရော့ကတ် ၁၅ လုံးထက်မနည်း၊ စက်သေနတ်ဖြင့် အချက် ၂၀ ချက် ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှလည်းမရှိဘူး။ လေယာဉ်နဲ့ ၂ ကြိမ်လာပစ်သွားတာ၊ နေအိမ်တွေ၊ လူတွေတော့ ထိခိုက် မှုမရှိပါဘူး။ စပါးခင်းတွေပဲ ပျက်စီးသွားတာပါ။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနှင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ သော်လည်း စပါးခင်းများ ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုမီ Y-8 Military Transport လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်တွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်း ဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် မိဘ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်အထူးဂရုစိုက်နေထိုင်ပေးကြပါရန် ယောအလင်းတန်းက တိုက်တွန်းနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article