27 C
Yangon

လောင်းလုံးနှင့် မုံရွာတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

လောင်းလုံးနှင့် မုံရွာတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းချရာနေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Nway Oo Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေး ရွာ အောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး၍ ပြန်လာသော အကြမ်းဖက် စစ်ကောင်စီ တပ် သားများ စခန်းချနေထိုင်သည့် စီမံကိန်းဟောင်းကို Nway Oo Guerrilla Force ဒရုန်းတပ်ဖွဲ့မှ ဗုံး သီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ အချိန် မရွေးဖြစ်လာ နိုင်သည့် အတွက် မိဘပြည်သူများ အနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ရန် မေတ္တာရပ်ခံကြောင်း Nway Oo Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ကျောက္ကာလမ်းပေါ်တွင် မီးကင်းထွက်စောင့်နေသော ရဲ ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကောင်းကင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ကျောက္ကာ လမ်းပေါ်တွင် မီးကင်းထွက်စောင့်နေသော ရဲအရာခံဗိုလ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦးကို ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာမြို့နယ် ပလဖ အဖွဲ့တို့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ G3 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article