33 C
Yangon

ရွာငံမြို့အဝင်ရှိ စစ်တပ်၊ ရဲနှင့် အဖွဲ့ပေါင်းစုံပါသော စစ်ဆေးရေးဂိတ်၊ မူးယစ်ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတပ်တို့ကို ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိကြီး ၁ ဦး အပါအဝင် ရဲ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့အဝင်ရှိ စစ်တပ်၊ ရဲနှင့် အဖွဲ့ပေါင်းစုံပါသော စစ်ဆေးရေးဂိတ်၊ မူးယစ်ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးတပ်တို့ကိုကို ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိကြီး ၁ ဦး အပါအဝင် ရဲ ၆ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ဝန်းကျင်အချိန် ရွာငံမြို့အဝင်တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီလက်အောက်ခံ အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တချို့က လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအတွင်း မူးယစ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ ရဲမှူး အပါအဝင် ရဲ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ဆေးရေးဂိတ်ကို ရှေ့ရော နောက်ရောကနေ ၀ိုင်းပြီး ပိတ်ဆို့ ပစ်သွားတာ။ တော်လှန်ရေးတပ်တွေ။ အင်အား ၅၀ ကျော်မယ်ထင်တယ်။ စစ်ဆေးရေးဂိတ်က စကစတွေ အကုန် အငိုက်မိပြီး သေတာ။ စကစဘက်ကလည်း ပြန်ပစ်တယ်။ ကားလမ်းတွေ ပိတ်သွားတယ်။ အခုတော့ မြို့ပေါ်ရော နေရာတိုင်းမှာ စကစတွေ အင်အားတိုးထားတယ်။ အဲဒီမြို့အဝင်ဂိတ်က ပြည်သူတွေကို ရဲတွေနဲ့ စစ်တပ်က အကြောင်းမရှိ အပြစ်ရှာ ငွေအရမ်းညှစ်တဲ့နေရာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်း တစ်ချိန်းတည်း ရွာငံ မူးယစ်တပ်ဖွဲ့ရုံး၊ ရွာငံမြို့ပေါ် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တို့ကိုလည်း ဝင်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်အင်အားများ ရွာငံမြို့ပေါ်တွင် တိုးမြှင့်ချထားပြီး ရွာငံမြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article