28 C
Yangon

နတ်တလင်းတွင် စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော လဝကရုံးတွင် အလုပ်လုပ်ကိုင်သည့် ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်တလင်းတွင် စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော လဝကရုံးတွင် အလုပ်လုပ်ကိုင်သည့် ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုစောင်းပေးနေသော လဝကရုံးတွင် အလုပ်လုပ်ကိုင်သည့် ဇော်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phoenix -D F မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ရွာသာယာရွာနှင့် ကွင်းစမ်း ကျေးရွာတို့တွင် စစ်မှုထမ်းရန် လူလိုက်စုနေသော အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် ဇော်ဝင်းဆိုသူကို သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း၊ တပ်ရင်း – ၃၈၀၁ ၊ တပ်ခွဲ-၂ (Phoenix DF) မှ ရဲဘော်များက ဝင်ရောက်ဖမ်းဆီးရာ ပြန်လည် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

“သူက လဝကရုံးမှာ အလုပ်လုပ်တယ်လို့ သိရတယ်။ ဝန်ထမ်းလား။ ဘာလားတော့ မသိရဘူး” ဟု နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phoenix -D F မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော ဇော်ဝင်းသည် ရန်ကွင်းစမ်းရွာ နှင့် ရွာသာယာကျေးရွာမှ လူငယ်များကို စာရင်းလိုက်‌ကောက်ပြီး တစ်ဦးလျှင် ၆ သိန်း နှုန်းပေးမည်ဟုဆိုကာ စစ်မှုထမ်းရန် စုဆောင်းခြင်း၊ နတ်တလင်းမြို့နယ် လဝက ရုံးတွင်လည်း မှတ်ပုံတင်လုပ်ပေးမည်ဟုဆိုကာ ငွေတောင်းခြင်း တို့လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

စစ်တပ် ထောက်တိုင် ဇော်ဝင်းကို ပစ်ခတ်တိုက်ခိုက်ချိန်တွင် ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး ယင်းဖုန်း အတွင်းမှ စစ်မှုထမ်းရန် စာရင်းကောက်ခံထားသော လူငယ်များ၏ အချက်လက်များ အိမ်ထောင် စုစာရင်းများ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် စစ်ကောင်စီ ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ဒေါက်တိုင်များအနီး သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phoenix -D F မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article