30 C
Yangon

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ အခြေခံစစ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲ ကျင်းပ

Must read

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ အခြေခံစစ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ၏ အခြေခံစစ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မဟာမိတ် ERO မှ မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ၊တပ်ရင်းမှူး ၊ ကျေးနယ်တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ပေးခဲ့ကြပြီး အမှတ်တရ အမှာစကားများ ပြောကြားပေးခဲ့ကြကြောင်း ၊ အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ် ၊ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ၊ တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား ၊ ခရိုင်တာဝန် ကိုလဂွန်းအိမ် ၊ စစ်ရေးတာဝန်ခံ ရဲဘော်ရိန်းဂျား ၊ ဦးကျော်သက်လင်း နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ တာဝန်ခံ ကိုဇာမဏီ ၊ CDM ဆရာဝန်တစ်ဦးတို့က သင်တန်းဆင်းရဲဘော်များကို အမှာစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် သင်တန်းဆင်း ရဲဘော်များက ချီတက်အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုခြင်း ၊သစ္စာ အဓိဌာန်ဆိုခြင်းနှင့် သင်တန်းဆင်း ရဲဘော်များအား သစ္စာရေ တိုက်ခြင်းနှင့် ရန်ကုန်တိုင်းပကဖ တာဝန်ခံ ကိုနောင်ရိုးမှ ပေးပို့လာသည့် သဝဏ်လွှာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ အနေနဲ့ ယခုသင်တန်းဆင်းရဲဘော်များကို လက်နက်တပ်ဆင်နိူင်ရေး ရည်ရွယ်၍ “မျှော်လင့်ခြင်း ရန်ကုန်” လက်နက် ၁၀၀ ကမ်ပိန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများက အားပေးကူညီထောက်ပံ့ပေးကြပါရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article