33 C
Yangon

ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီးသေဆုံး၊ မင်းဘူးတွင် စစ်မှုထမ်း စုဆောင်းနေသော မန်းရွှေစက်တော် အုပ်ချုပ်ရေးမှူး ကြည်လွင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး သန်းဌေး ဓားထိုးခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ကလေးမြို့၊ အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းဌေးသည် အရက်ဆိုင်တွင် ဓားဖြင့် ထိုးခံရပြီး သေဆုံးသွားကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းဌေးက အရက်ဆိုင်တွင် ရန်ဖြစ်နေသူများကို ဖြန်ဖြေရာမှ ဓားဖြင့် ထိုးခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဓားနဲ့ ထိုးခံရပြီး သေဆုံးသွားတာက အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးပါ။ သူက အရက်ဆိုင်မှာ ရန်ဖြစ်နေတဲ့ သူတွေကို ဖြန်ဖြေရင်းနဲ့ ရန် ဖြစ် နေတဲ့ သူထဲက တစ်ယောက်က ဓားနဲ့ ထိုးလိုက်တာ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကြည်လွင်ကို သေနတ်သမားတချို့က ဖမ်းဆီးသွားပြီး ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း၊ ကြည်လွင်သည် စစ်တပ်အတွက် အဓိက အလုပ်လုပ်နေပြီး အထူးသဖြင့် စစ်မှုထမ်းသစ်များ စုဆောင်းရာတွင် အဓိက ဦး ဆောင် နေသူဖြစ်ကြောင်း သိရှိရသည်။

“နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၂ နာရီလောက်ကြီးမှာ အုပ်ကြီး ကြည်လွင်ကို လာဖမ်းသွားတာ။ နောက်တော့ ရွာထိပ်မှာ သေနတ်နဲ့ ပစ်ထားခဲ့တာ။ အုပ်ကြီးက အဓိက စစ်မှုထမ်း စုဆောင်းပေးတာ၊ စစ်မှုထမ်းအတွက် ငွေကောက်တာတွေ လုပ်တဲ့အပြင် သက်ကြီးပိုင်း ပြည်သူ့ လုံခြုံရေး အဖွဲ့ ဆိုပြီး လုပ်နေတာရှိတယ်။ သူက စစ်တပ်နဲ့ အဓိက ပေါင်းပြီး အလုပ်လုပ်နေတာတော့ဟုတ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကြည်လွင် အသတ်ခံရပြီးနောက် စစ်တပ်က မသင်္ကာသော လူငယ်တချို့ကို လိုက်လံ စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – သေဆုံးသွားသော မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကြည်လွင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

သေဆုံးသွားသော မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကြည်လွင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article