28 C
Yangon

အုတ်ဖိုမြို့တွင် စစ်ဗိုလ် ဇော်မင်းထက်၏ ညီ မင်းနိုင်ထွန်းကို စစ်တပ်က တပ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွား၍ ငွေကျပ်သိန်း ၃၀ ဖြင့် လိုက်လံ ပြန်လည်ရွေးထုတ်ရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်း၊ အုတ်ဖိုမြို့တွင် အကြမ်းဖက် စစ်တပ်မှ စစ်ဗိုလ် ဇော်မင်းထက်၏ ညီ မင်းနိုင်ထွန်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား၍ ငွေကျပ်သိန်း ၃၀ ဖြင့် ပြန်လည် ရွေးထုတ်ရကြောင်း စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ အုတ်ဖိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပေါ်တာဆွဲ လိုက်လံဖမ်းဆီးစဉ် စစ်ဗိုလ် ဇော်မင်းထက်၏ ညီဖြစ်သူ မင်းနိုင်ထွန်း ကိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားပြီးနောက် ဖမ်းဆီးခံရပြီးနောက် စစ်ဗိုလ်ဖြစ်သူ ဇော်မင်းထက်က စစ်ကောင်စီ တပ်သားများထံ သွားရောက်၍ ငွေကျပ် သိန်း ၃၀ ဖြင့်ပြန်ရွေးလာရကြောင်း သိရှိရသည်။

“သူတို့က အုတ်ဖိုမြို့ ဇေတ၀န် ၂ လမ်းမှာ နေတာ စစ်ခွေးတွေ မြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးတဲ့ အချိန် သူ့ညီပါ ဖမ်းဆီးခံရတာ ဖမ်းဆီးခံရလို့ လိုက်ထုတ်တဲ့ အချိန် ဟိုကောင်တွေကလည်း ပိုက်ဆံ သိန်း ၃၀ ပေးမှ ပြန်လွှတ်ပေးလိုက်လို့ ရပ်ကွက်ထဲ ပေါက်ကွဲပြီး အော်ဆဲနေတယ်။ သူတို့အဖေက သစ်တော၀န်ထမ်း ပင်စင်စား ၁ ဦးပါပဲ” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ နေ့စဉ် ပြုလုပ်နေပြီး လူငယ်များ၏မိသားစုဆွေမျိုးများက ငွေဖြင့် လိုက်လံ ရွေးထုတ်နေရကြောင်း သိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article