28 C
Yangon

မော်လမြိုင်ကျွန်းနှင့် အောင်လံမြို့နယ်တို့တွင် စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် လူငယ် ၂၀ နီးပါးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာလ ၂၀

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် မကွေးတိုင်း အောင်လံမြို့နယ်တို့တွင် စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် တပ် သားသစ်များအဖြစ် လူငယ် ၂၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွံကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး ဇော်လင်းမောင်၊ ရာအိမ်မှူး မြင့်ဇော်၊ ရာအိမ်မှူး သားမျိုးမင်းထွန်း၊ ရပ်ရွာတာဝန်ခံ ကျော်တိုးတို့က စစ်တပ်နှင့်ပူးပေါင်း၍ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၁၀ ဦး ဖမ်းဆီးခေါ်ရန် ရှိနေသည်ဟုဆိုကာ အတင်းအဓမ္မ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူစုတယ်ဆိုပြီးတော့ အုပ်ကြီး ဇော်လင်းမောင်၊ ရာအိမ်မှုးမြင့်ဇော် ၊သားမျိုးမင်းထွန်း ၊ကျော်တိုးတို့က စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို လိုက်ဖမ်းနေတယ်။ စုစုပေါင်း လူငယ် ၁၀ ဦး ဖမ်းဆီးရှာဖွေသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အောင်လံမြို့နှင့် ပြည်မြို့အကြား မင်းကန်ရွာထိပ်တွင် အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်၍ ခရီးသည်တင်လိုင်းကားပေါ်မှ လူငယ် ၇ ဦးကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“မနေ့က အောင်လံခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ပေါ်တာဆွဲတာပါ။ လူငယ် ၇ ဦး ဖမ်းဆီးပါတယ်။ ပြည်-အောင်လံ လိုင်းကားပေါ်ကနေ ဆွဲချတာ။ အောင်လံမြိုနယ် ငပြင်းရွာမှ မင်းကန်ရွာသား ကားစပယ်ယာ၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့ ၊ ကြူဝတ်ရွာမှ နွားဝယ်လာတဲ့ တူ၀ရီး ၄ ဦး၊ ပြည်-အောင်လံ လိုင်းကားဖြစ်တဲ့ အောင်လံမိုး ခရီးသည်တင်ကားပေါ်က လူငယ် ၅ ဦးကို ဖမ်းဆီးပါတယ်။ အသက်ကြီးတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးတယ်။ လူငယ် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးသွားပါတယ်။ စစ်မှုထမ်းဖို့လို့ ကျန်ရစ်သူ မိသားစုကို ဖုန်းဆက်ခိုင်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ အောင်လံ-ပြည် လိုင်းကားပေါ်မှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် အောင်လံခရိုင် အုပ်ချုပ်ရေးမှူးနှင့်အတူ အောင်လံမြို့နယ်၊ ကျွဲသေကျေးရွာမှ အုပ်ချုပ်ရေးမှူး စိန်ကုလားနှင့် အုပ်ချုပ်ရေး အဖွဲ့ ဝင်များ၊ ပျူစောထီးများ၊ ပြည်သူ့စစ်များပါ ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော လူငယ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article