24 C
Yangon

ရခိုင်ပြည် ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းသည့်ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးနှင့် ငါးဖမ်းလှေများကို AA စစ်ဆေးပြီးနောက် ပြန်လည် လွှဲပြောင်း၊ နောက်နောင် ကျူးကျော်ဝင်ရောက်မှုများကို AA ၏ ဥပဒေနှင့်အညီ အရေးယူမည်ဟု သတိပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရခိုင်ပြည် ရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းသည့်ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို AA က စစ်ဆေးပြီးနောက် ပြန် လည် လွှဲပြောင်း ပေးလိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် အာရက္ခရေပိုင်နက်အတွင်းသို ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး ၆၀ ခန့်ကို AA ၏ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်များက ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ ၁၅ စီး နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို AA က ၂ ရက်အကြာ ထိမ်းသိမ်းထားခဲ့ကြောင်း၊ လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) လက်ထဲသို ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများမှာ ငါးခိုးဖမ်းနေကြသည့် ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း၊ သို့သော်လည်း နောက်နောင် အာရက္ခပိုင်နက်ထဲသို ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊

အာရက္ခတပ်တော် အနေဖြင့် အကြိမ်ကြိမ် ငါးခိုးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများ၏ မိသားစုစားဝတ်နေရေး အကျပ် အတည်းများကို ထောက်ထားငဲ့ညှာမှုနှင့်အတူ သက်ညှာပေးခဲ့ကြောင်း၊ ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် AA အကြား နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့သော်လည်း ငါးခိုးဖမ်းလှေများကိုမူ ယနေ့တွင်မှ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း ၊ မောင်တောဒေသ၌ စစ်ရေးပြင်ထန်နေမှုများနှင့် ငါးဖမ်းလှေများထိမ်းသိမ်းထားရာနေရာမှ ပြန်လည်ပေးအပ်မည့်နေရာသို့ ပို့ဆောင်ရာတွင့်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရသောကြောင့် ဖြစ်ကြောင်း AA က ဆိုသည်။

ထို့ကြောင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင်မှ ငါးဖမ်းလှေ ၁၅ စီး အနက်မှ ၇ စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) သို့ ပြန်လည်လွဲာပြောင်းပေးနိုင်ခဲ့ကြောင်း၊ ကျန်ငါးဖမ်းလှေ (၈) စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း၊ နောင်နောက် အာရက္ခရေပိုင်နက်အတွင်းသို ယခုကဲ့သို ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာမည်ဆိုပါက မည်သူ့ကိုမဆို AA၏ တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း AA က သတိပေးထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article