ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ကန်ပိုက်တီမြို့ကို KIA-PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်း မှာပါ KIA အလံကို လွှင့်တင်လိုက်ပြီဖြစ်သလို ၊ ထွက်ပြေးနေတဲ့ စစ်ကောင်စီဘက်တော်သားတွေ ကိုလည်း KIA-PDF ပူးပေါင်းတပ်တွေက လိုက်လံဖမ်းဆီးရှင်းလင်းနေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ် ဟောင်း တွေနဲ့ စစ်အရာရှိဟောင်းတွေရဲ့ နေအိမ်တွေကိုပါ စည်ပင်ပိုင်မြေမှာ ကျူးကျော်တယ်လို့ ပြောပြီး ၊ စစ်ကောင်စီတပ်နဲ့ ရဲတွေ ၊ စည်ပင်တွေက ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံပြည်သူ တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ရခိုင်ပြည်နယ် အစပ်က မကွေးတိုင်း ငဖဲမြို့နယ်မှာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွက် စစ်ကူသွားမယ့် အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ငဖဲမြို့နယ် တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦးသေသွားပြီး အများအပြား ဒဏ်ရာရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar