32 C
Yangon

မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ပေါင် ၅၀၀ ဗုံး ၄ လုံးနှင့် ပေါင် ၂၀၀ ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကျဲချသည့် ဗုံးသီးများမှ ထွက်ပေါ်လာသော အငွေ့များကြောင့် လက်ရှိချိန်တွင် ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေကြောင်း အရေးပေါ် ကုသမှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေ အတုံးအရုန်းဖြစ်ကုန်ပြီ အထိအခိုက်များတယ်။ အခုလေးတင် သယ်ထုတ်လာရတဲ့သူ ၈၀ ကျော်တယ်။ သတိပြန်ရတဲ့သူ နည်းတယ်။ တော်တော်များများ သတိမရသေးဘူး” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article