28 C
Yangon

ဆီမီးခုံမြို့ရှိ ကောင်းမြက်အောင် လက်ဖက်ရည်ဆိုင်တွင် သောက်စား မူးရူးနေသော ရဲများကို ဝင်ရောက် ပစ်ခတ်မှု ၂ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

ဆီမီးခုံမြို့ရှိ ကောင်းမြက်အောင် လက်ဖက်ရည်ဆိုင်တွင် သောက်စား မူးရူးနေသော ရဲများကို ဝင်ရောက် ပစ်ခတ်မှု ၂ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ရှိ ကောင်းမြက်အောင် လက်ဖက်ရည်ဆိုင်တွင် သောက်စား မူးရူးနေသော ရဲများကို ဝင်ရောက် ပစ်ခတ်ရာ ၂ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း MP-9 အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဆီမီးခုံမြို့၊ ရွှေစည်းခုံဘုရား အရှေ့ဘက်ရှိ ကောင်းမြက်အောင် လက်ဖက်ရည်ဆိုင်အတွင်း သောက်စားမူးရူးနေသော ရဲ ၃ ကောင်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း နယ်ထိန်းရဲ ၁ ဦးနှင့် ရဲတပ်သား ၁ ဦး သေဆုံးပြီး ကျန် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကာ G-3 သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

“ရဲခွေးတွေ သောက်စားမူးရူးနေတုန်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ၂ ကောင်သေပြီး ၁ ကောင်ပြင်းထန်ဒဏ်ရာရတယ်။ သေနတ် ၃ လက် သိမ်းဆည်းနိုင်ခဲ့တယ်” ဟု MP-9 အဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP-9 အဖွဲ့၊ တလုပ်-PDF နှင့် ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article