ရန်ကုန်၊ နိုဝင်ဘာ ၂၆
တရုတ်နိုင်ငံက အကြမ်းဖက် စစ်ကောင်စီနှင့်တွဲဖက်၍ Joint Venture Security ကုမ္ပဏီများထူထောင်ခြင်းက တရုတ်အကျိုးစီးပွားများကို လုံခြုံရေး အကာအကွယ်ပေးနိုင်မည်မဟုတ်ဘဲ တရုတ်ကိုပင် တိုက်ရိုက် ပြန်လည် ခြိမ်းခြောက်မှု ဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က သတိပေးပြောဆိုလိုက်သည်။
ယနေ့ ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့အကြား Joint Venture Security ကုမ္ပဏီများ ထူ ထောင်ရန် သဘောတူညီမှု ရရှိထားသည်ဟု သတင်းများ တွေ့ရှိရကြောင်း ၊ သို့ရာတွင် ထိုသို့ လုံခြုံရေး ကုမ္ပဏီများ ပူးတွဲထူထောင်မှုက တရုတ်အကျိုးစီးပွားနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အကာအကွယ်ပေးနိုင်မည်မဟုတ်ကြောင်း၊ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များနှင့် စစ်တပ်လော်ဘီများ၏ လှုံ့ဆော်မှုများကသာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တရုတ်နိုင်ငံသားများကို တိုက်ရိုက်ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံတည်ငြိမ်မှုကိုဖျက်ဆီးပြီး ပြည်သူလူထုကိုအကြမ်းဖက်သတ်ဖြတ်နေတဲ့ရာဇဝတ်သားမင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အုပ်စုဟာ
တရုတ်နိုင်ငံရင်းနှင်းမြုပ်နှံမှုအကျိုးစီးပွါးတွေ၊တရုတ်နိုင်ငံသားတွေလုံခြုံရေးကို အကာကွယ်ပေးနိင်မှုမရှိတာအပြင် သူတိုရဲ့ အကြမ်း ဖက်လုပ်ရပ်တွေ၊သူတို့ lobbyတွေရဲ့လှုံ့ဆော်မှုတွေဟာတရုတ်နိုင်ငံရဲ့အကျိုးစီးပွါးတွေနဲ့တရုတ်နိုင်ငံသားတွေကိုတိုက်ရိုက်ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ ဒါကြောင့် Joint Venture Security Company ကို မင်းအောင်လှိုင်စစ်အုပ်စုနဲ့အတူလုပ်ခြင်းအားဖြင့်တရုတ်အကျိုးစီးပွားကိုကာကွယ်နိုင်စရာအကြောင်းမရှိဘူး ဆိုတာကို ထောက်ပြ ပြောကြား ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
NUG အနေဖြင့် ထုတ်ပြန်ထားသော မူဝါဒများအရ စစ်ရေးပစ်မှတ်မဟုတ်သော စီးပွားရေးဆိုင်ရာ အဆောက်အဦများကို တော်လှန်ရေးအင်အားများက တိုက်ခိုက်မည်မဟုတ်ဟု အတိအလင်း ကြေညာထားပြီးဖြစ်ပြီး လက်တွေ့မြပြင်တွင်လည်း ကာကွယ်စောင့်ရှောက်ပေးနိုင်ကြောင်း ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အကြမ်းဖက်မှုတွေ မတည်မငြိမ်မှုတွေ ဖြစ်ပွါးနေတဲ့ အချိန်မှာ တရုတ်နိုင်ငံက သူတို့ရဲ့ရင်းနှီးမြုပ်နှံမှုအကျိုးစီးပွါးတွေ တရုတ်နိုင်ငံသားတွေ လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်နေတယ်ဆိုတာကိုကျနော်တို့နားလည်သဘောပေါက်ပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ကြေညာထားတဲ့ တရုတ်နိုင်ငံဆိုင်ရာမူဝါဒအရလည်းကောင်း၊ Military code of conduct အရလည်းကောင်း၊ ပြဥာန်းထားတဲ့ ရင်းနှီးမြုပ်နိုင်မှုဆိုင်ရာမူဝါဒအရလည်းကောင်း စစ်ရေးပစ်မှတ် မဟုတ်တဲ့စီးပွါးရေးဆိုင်ရာအဆောက်အဦးတွေကို ကျနော်တို့တော်လှန်ရေးအင်အားစုတွေတိုက်ခတ်ခြင်းပြုမှာမဟုတ်ဘူးဆိုတာလဲအတိအလင်းေကြညာထားပြီးသားဖြစ်သလို၊ တရားဝင်ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်အပါအဝင်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကိုကျနော်တို့အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးသွားမယ်ဆိုတာပြောကြားပြီးသားဖြစ်ပါတယ်။ ပြောထားတဲ့အတိုင်း ကျနော်တို့အကာအကွယ်တွေပေးနေတယ် စောင့်ရှောက်ပေးနေတယ်ဆိုတာလဲမြေပြင်မှာ သက်သေပြနေပါတယ်” ဟု NUG၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဆိုသည်။
တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာပြည်သူများဘက်မှ ရပ်တည် ကူညီဆောင်ရွက်ကြခြင်းဖြင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမည့် နိုင်ငံဖြစ်လာနိုင်ကြောင်း ၊ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းနှင့် လုံခြုံမှု အာမခံအတွက် ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသော အဖြေရှာရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“မြန်မာပြည်သူလူထုနဲ့ တသားထဲရပ်တည်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေနဲ့ပူးတွဲဆောင်ရွက်ခြင်းမှုသည်သာ တရုတ်နိုင်ငံရဲ့ရင်းနှီးမြုပ်နှံထားတဲ့ အကျိုးစီးပွားတွေနဲ့လုပ်ငန်း လည်ပတ်မှုများကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတည်ငြိမ်မှုရရှိရန် နဲ့ ရင်းနှီုးမြှုတ်နှံမှုစီမံကိန်းတွေရဲ့ လုံခြုံမှုအတွက်အာမခံချက်ရနိုင်ဖို့ဆိုရင် မြန်မာပြည်သူလူထုရဲ. ဆန္ဒနဲ့ ကိုက်ညီတဲ့ နိုင်ငံေရးအဖြေရပြီးအကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့်မြန်မာပြည်သူလူထုဖက်မှရပ်တည်ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံတည်ငြိမ်မှုငြိမ်းချိမ်းမှုအမြန်ရပြီး၊ဒေသလုံခြုံမှုနဲ့စီးပွားရေးတိုးတက်မှုကို အထောက်အကူပြု မဲ့နိုင်ငံဖြစ်လာနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်၍ ပြည်သူလူထုက မကျေမနပ် စိုးရိမ်မကင်း ဒေါသဖြစ်နေကြကြောင်း၊ မင်းအောင်လှိုင် တရုတ်သွားရောက်ခြင်းမှာ မဖြစ်သင့်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြည်သူများက သုံးသပ်ကြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည် ။
“ဒုတိယပြောချင်တာကတော့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ရာဇဝတ်သား လူသတ်သမား မင်းအောင်လှိုင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြုလုပ်တဲ့ မဲခေါင် Sub-Region အစည်းအဝေး တက်ရောက်ခွင့်ပေးခဲ့မှုအပေါ်မှာ မြန်မာပြည်သူလူထုအနေနဲ့မကျေမနပ် စိုးရိမ်မကင်း ဒေါသ ဖြစ်နေတဲ့ အနေအထားရှိနေကြတာကိုတွေ့ရှိနေရပါတယ်။ ရာဇဝတ်သား မင်းအောင်လှိုင်သွားခဲ့ခြင်းတာ မဖြစ်သင့်တဲ့လုပ်ရပ်လို့ပြောချင်ပါတယ်။ ဒီလိုအချိန်မှာ ကျနော်တို. အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ.ကတော့ မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်ခွင့် ပြည်သူလူထုရဲ. အကျိုးစီးပွားတွေကို ထိပ်တန်းထားပြီးတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီုးစွာ ဆက်ဆံဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်။ လွတ်လပ်တက်ကြွကြားနေနိုင်ငံခြားရေးမူဝါဒနဲ့အညီ အိမ်နီးခြင်းနိုင်ငံတွေနဲ.ေကာင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ကြိုးစားနေသလို ဒေသတွင်းနဲ.ကမ္ဘာအနှံအပြားမှာလဲမိတ်ဆွေများနှင့်ချစ်ခင်ရင်းနှီးစွာဖြင့်ဆက်ဆံရေးတည်ဆောက်ဖို့တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု NUG၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။
တရုတ်နိုင်ငံသည် ၎င်းတို့ဘက်မှ ရပ်တည်ပြီး ရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ထောက်ခံထားကြောင်း အကြမ်း ဖက် မင်းအောင်လှိုင် က နိုဝင်ဘာလဆန်းပိုင်း တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် စစ်ကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
လုံခြုံရေးအတွက် ပိုမို အကျိုးရှိပါစေတယ်။ အင်အား၊ လက်နှက်အပြည့်အစုံနဲ့လုက်ခဲ့ရင် ပိုကောင်းပါလိမ့်မယ်။