32 C
Yangon

နောင်ချိုတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သံဃာတော် ၁ ပါ ပျံလွန်တော်မူ၊ စစ်ကိုင်းရှိ စစ်ရှောင် စခန်းကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါ ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်တွင် အင်းဝိုင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈ ဦး သေဆုံးပြီး ၃၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လူစုလူဝေး မပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က အသိပေး ပြောဆိုထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာရှိ စစ်ရှောင် စခန်းကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦး အခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာရှိ စစ်ရှောင် စခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“တလိုင်းရွာကို ပစ်တယ်လို့ ကနဦးကြားသိရတယ်။ စစ်ကိုင်းနယ် အရှေ့မြောက်ခြမ်း တလိုင်းရွာက စစ်ရှောင်နေတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး ၅ ကြိမ်ထက်မနည်း လေကြောင်းပစ်ခတ်သွားတယ်လို့ သိရတယ်။ ထိခိုက်မှုရှိတယ်လို့ သိရတယ်။ သေဆုံးထိခိုက်မှု အခြေအနေ အတည်မပြုနိုင်သေးဘူး။ Mi-35 နဲ့ ပစ်ခတ်တာကြောင့် တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေ အခုလက်ရှိ တလိုင်းရွာကနေ လွတ်ရာထွက်ပြေးနေကြတယ်” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article