25 C
Yangon

မြဝတီမြို့နယ်၊ ဥကရစ်ထ စစ်စခန်း၏ ကာကင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သားတချို့ လက်နက်ချ အညံ့ခံဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဥကရစ်ထ အကြမ်းဖက် စစ်စခန်း၏ ကာကင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ဗိုလ်ကြီး အဆင့်ရှိသူ အပါလအဝင် စစ်ကောင်စီ တပ်သားများ လက်နက်ချ ပူးပေါင်းခဲ့ကြောင်း တော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မြဝတီမြို့နယ်၊ တောင်ဘက် ဝေါ်လေမြိုင်မြို့အနီးရှိ ဥကရစ်ထ စစ်စခန်း၏ ကာကင်း တစ်ခုဖြစ်သော ရွှေအေးမြိုင် ဘုရားကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊အဆိုပါ တိုက်ခိုက်မှုကြောင့် ရွှေအေးမြိုင် ဘုရားကုန်း ကာကင်းမှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီ တပ်သားများ လက်နက်ချ ပူးပေါင်းခဲ့ကြောင်း၊ သို့ရာတွင် လက်နက်ချအညံ့ခံသည့် အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဝေါ်လေဗျူဟာကုန်းမှ အကြမ်းဖက် စစ်ကြောင်စီ တပ်သားများက ၁၂၀ မမ ၊ ဟောင်ဝှစ်ဇာ လက်နက်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ဥကရစ်ထ စစ်စခန်းနှင့် ရွှေအေးမြိုင်ရွာ အနီးကိုလည်း အကြမ်းဖက် စစ်တပ်က Jet Fighter ၁ စီးဖြင့် ဗုံး ၂ လုံး လာ‌ရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် ဝေါ်လေဗျူဟာကုန်းအနီးရှိ ဥကရစ်ထ စစ်စခန်းနှင့် ကာကုန်း စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်နေခြင်းဖြစ်ပြီး KNU တပ်မဟာ ၆ နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်ရေးနှင့် စစ်တပ် ကင်းစင်နယ်မြေဖြစ်ရေး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသော Cobra Colum မှ တော်လှန်ရေးရဲဘော်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသော Cobra Colum မှ တော်လှန်ရေးရဲဘော်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article