23 C
Yangon

ကျောက်ကြီးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် သံဃာတော် ၁ ပါး ထိခိုက် ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် တိုက်ခိုက်ရာ သံဃာတော် ၁ ပါး ထိခိုက် ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင် KNU ဗဟိုက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ကျောက်ကြီးမြို့နယ်၊ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ကော်သာစေးကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာ တို့သို့ ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် နတ်သံကွင်း၌ တပ်စွဲထားသော အကြဖ်းဖက် စစ်တပ်ကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ဝေဒေါခို (အင်တိုင်းကုန်း) ကျေးရွာ၊ ကျောက်စရစ် ကျေးရွာနှင့် ကျောက်စရစ်အနောက်ကျေးရွာ တို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော်သာစေး (ဂေါ်သဇင်) ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရေတွင်းကုန်း ကျေးရွာနေ ကိုမိုးလင်း၏ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ကုန်းချောင်းဝ ကျေးရွာမှ အကြမ်းဖက် စစ်တပ်က နတ်တလင်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး၊ နတ်သံကွင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်များကသည် နိုဂေါ် (မမယမ်း)ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း နတ်တလင်း ကျေးရွာရှိ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး သံဃာတော် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article