18 C
Yangon

အမ်းလေဆိပ်၊ စစ်ကောင်စီ တပ်ရင်းများအားလုံး၊ ဌာနဆိုင်ရာရုံးများအားလုံး အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုတည်းသာ သိမ်းပိုက်ရန် ကျန်တော့

Must read

အမ်းလေဆိပ်၊ စစ်ကောင်စီ တပ်ရင်းများအားလုံး၊ ဌာနဆိုင်ရာရုံးများအားလုံး အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုတည်းသာ သိမ်းပိုက်ရန် ကျန်တော့

ရန်ကုန်၊ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အမ်းလေဆိပ်၊ စစ်တပ်တပ်ရင်းများအားလုံး၊ ဝန်ကြီးဌာနဆိုင်ရာရုံးများ အားလုံး အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုတည်းသာ သိမ်းပိုက်ရန် ကျန်တော့ ကြောင်းAA က တရားဝင်သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့တွင် တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော တပ်စခန်းနေရာ ၃၀ ကျော်ရှိသည့်အနက်မှ အမ်း နပခဌာနချုပ် တစ်ခုတည်းသာ ကျန်ရှိတော့ကြောင်း၊ အမ်းမြို့၏ နောက် ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လွဲ၍ AA က ထပ်မံသိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ-

၁- ဆလအခွဲ ၉၄၆ – အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ

၂- ခမရ ၃၇၁ – အမှတ် ၃၇၁ ခြေမြန်တပ်ရင်း

၃- ခမရ ၃၇၂ – အမှတ် ၃၇၂ ခြေမြန်တပ်ရင်း

၄- လလစ ၇၅၇/၂ – အမှတ် ၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ

၅- ထပခ ၉၂၆ – အမှတ် ၉၂၆ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ

၆- ဆသလ ၉ – အမှတ် ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း

၇- အဆရ (၈) – အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း

၈- တထခ ၁၀ – အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ

၉- စအရ ၉၁၉ – အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း

၁၀- လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ စစ်တပ်စခန်းငယ်များကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် AA က အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း အမ်းမြိုနယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများနှင့် ကာကင်းစခန်းများအပြင်-

၁- ခမရ ၃၇၃-အမှတ် ၃၇၃ ခြေမြန်တပ်ရင်း

၂- အမတ ၃၇၄-အမှတ် ၃၇၄ အမြောက်တပ်ရင်း

၃- လလစ ၇၅၇-အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲ

၄- စနခ ၃၄၅-အမှတ် ၃၄၅ စစ်လက်နက်ပစ္စည်းတပ်ခွဲ

၅- တစသ ၈- အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

၆- တဆရ ၂/၃၀၀ -အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ

၇- လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်

၈- စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီးဖြစ် ကြောင်း သိရှိရသည်။

အမ်းဒေသအတွင်းမှ ရန်သူ့စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသော တစ်ပြိုင်နက်တည်းတွင် စစ်တပ်က ရခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ် ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းရန်ကြိုးစားနေခဲ့သော်လည်း အာရက္ခတပ်တော်က အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် စစ်တပ်စစ်ကူ စစ်ကြောင်းများမှာ သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး အချေ မှုန်းခံရသောအဆင့်သို့ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article