ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ နေအိမ်အလုံး ၆၀ ကျော်ကို မီးရှို့နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၄၀ အချိန် မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး နေအိမ်များကို မီးရှို့နေသော စစ်တပ်ကို သရက်ခရိုင်အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၂ ရဲဘော်များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ မီးရှို့မှုကြောင့် ရွာသစ်ကျေးရွာမှ နေအိမ် အလုံး ၆၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက မီးရှို့ခံရတဲ့ရွာရဲ့ အနီးအနားမှာဖြစ်တာ၊ သူတို့မီးရှို့လိုက်ရင် ကျနော်တို့ဘက်က လာတိုက် ခိုက်နိုင်တယ်လို့ တွက်ဆထားပုံရတယ်။ အဲဒီတော့ ကျနော်တို့သွားတိုက်တဲ့အခါမှာ အဆင့်သင့် အ နေအထားဖြစ်နေတာပေါ့၊ အပြန်အလှန် ပစ်ခတ်တိုက်ပွဲက မိနစ် ၂၀ လောက်ဖြစ်တာ၊ သူတို့ ဘက် ကအင်အားက များတယ်၊ လက်နက်ကြီး ပစ်ကူပါတယ်။ အဲဒီတော့ ပြန်ဆုတ်လာတယ်။ ဆုတ်လာပြီး တဲ့နောက် သူတို့က အဲဒီရွာမှာ တစ်ည ဆက်လက်တပ်စွဲပြီးတော့ နောက်တစ်နေမှာ ဒဏ်ရာရသူ တွေခေါ် ပြီးတော့ မြောက်ပြင်ဘက်ကို ဆုတ်သွားတာ။” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ဒဏ်ရာရ စစ်သားလူနာများကို ထမ်းစင် များဖြင့် ထမ်းခေါ်ကာ ရွာသစ်ကျေးရွာတွင် တစ်ညအိပ်တပ်စွဲခဲ့ကြောင်း၊ ဒီဇင်ဘာလ ၇ ရက် နေ့တွင် မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာသို့ ဝင်ရောက်သွားကာ ဘုန်း ကြီးကျောင်း၌ ဝင်ရောက် တပ်စွဲခဲ့ကြောင်း ၊ယခုအခါ မင်းတုန်းမြို့ပေါ်မှ စစ်ကူတပ်အင်အားများက မြောက်ပြင်ကျေးရွာဘုန်းကြီးကျောင်းသို့ ထပ်မံအားဖြည့်ထားကြောင်း သိရသည်။
“လက်ရှိအနေအထားကတော့ မင်းတုန်းဘက်ကနေ အင်အားအနည်းငယ်ထပ်ဖြည့်ပြီးတော့ မြောက် ပြင်ကျေးရွာဘုန်းကြီး ကျောင်းမှာ ဝင်ရောက်တပ်စွဲထားပါတယ်။ ဒီနောက်ပိုင်းတော့ တိုက်ပွဲဖြစ်တာမ ရှိသေးဘူး။ ဒီစစ်ကြောင်းက ပြီးခဲ့လကတည်းက ဝင်ရောက်နေတဲ့စစ်ကြောင်းပါ။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ တိုက်ပွဲဖြစ်တော့ သူတို့နည်းနည်းအထိနာသွားလို့ ပြန်ဆုတ်သွားပြီးတယ်၊ ပြီးတော့ အင်အား ပြန်စုဖွဲ့ ပြီး ပြန်ထိုးလာတာ။ ရွာသစ်ကျေးရွာနဲ့အနီးအနားရွာတွေက ပထမအကြိမ် ကတည်းက ရှောင်နေကြ ရတာ။ တချို့ နေရပ်ပြန်ဝင်လာတဲ့ပြည်သူတွေလည်း အခု အကုန်ပြန်ရှောင်နေ ရတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လက်ရှိတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာ၊ ကြိုးဝကျေး ရွာ ၊ ရွာသစ်ကျေးရွာနှင့် ငှက်ပြင်းကျေးရွာတို့မှ ပြည်သူများ ထွက်ပြေး၍ စစ်ဘေး ရှောင်နေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပြာကျနေသော ရွာသစ်ကျေးရွာမှ နေအိမ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar