31 C
Yangon

မှော်ဘီမြို့နယ်၊ သန္ဓပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု ပျူစောထီး ၃ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းဆွဲခိုက်တိုက်ခဲ့ရာ ပျူစောထီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင်ရှိသော အကြမ်းဖက်စစ်တပ် လက်ပါးစေပျူစောထီးများ အခြေချထားသော သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးရဲဘော်များ ဘေးကင်းကြောင်း သိရှိရသည်။

“အဝေးထိန်းမိုင်း ၂လုံးဖောက်ခွဲခဲ့ပါတယ်။ ပျူစောထီး ၃ကောင် ထိခိုက်မှု ရှိနိုင်ပါတယ်။ မိုင်းခွဲပြီးတဲ့နောက် လုံခြုံရေး တင်းကျပ်နေပြီး စစ်ကားတွေ ဖောက်ခွဲရေးနေရာကို ချက်ချင်း ရောက်လာခဲ့ပါတယ်” ဟု Operation Flame (OF)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မှော်ဘီမြို့နယ်မှ ကင်းထောက်လုံခြုံရေးအဖွဲ့များကလည်း ယမန်နေ့ ည ၇ နာရီဝန်းကျင်အချိန် မှော်ဘီမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လုံခြုံရေးအတွက် ဂိတ်ချ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့မှု မှန်ကန်ကြောင်း အတည်ပြု ပြောဆိုကြသည်။

မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မိုင်းဖောက်ခွဲသည့် စစ်ဆင်ရေးကို Operation Flame (OF)မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ညပိုင်း စစ်တပ်နှင့်ရဲများက နေအိမ်များသို့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ညပိုင်း စစ်တပ်နှင့်ရဲများက နေအိမ်များသို့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article