31 C
Yangon

ဂွမြို့အနီးတိုက်ပွဲတွင် ဒဏ်ရာရရှိသော စစ်သား အများအပြားကို ငါးသိုင်းချောင်း တိုက်နယ်ဆေးရုံသို့ပို့ဆောင်နေပြီး ခမရ ၅၆၂ မှ ဒဏ်ရာရတပ်သား ၂ ဦး ဆေးကုသစဉ် သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ ဂွမြို့အနီး တိုက်ပွဲများတွင် ဒဏ်ရာရရှိစစ်ကောင်စီတပ်သားများကို ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်နေပြီး ခမရ ၅၆၂ မှ ဒဏ်ရာရတပ်သား ၂ ဦး ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ် ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ဆေးရုံသို့ ဂွမြို့ အခြေစိုက် ခမရ ၅၆၂ တပ်ရင်းမှ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ်သားများကို စစ်ကားအကြီး ၂ စီး၊ လူနာတင်ကား ၂ စီး၊ စစ်ကားအသေး ၁ စီးနှင့် အိမ်စီးကား ၁ စီးတို့ဖြင့် လာရောက် ပို့ဆောင်ခဲ့ကြောင်း၊အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ စစ်သား ၂ ဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများလည်း ဆေးရုံအနီးတစ်ဝိုက်တွင် ခြေရှုပ်နေကြောင်း သိရှိရသည်။

ထို့ပြင် ဧရာ၀တီတိုင်းစစ်ကောင်စီကလည်း ယမန်နေ့ ငါးသိုင်းချောင်းဆေးရုံကြီးသို့ လာရောက်ပြီး ဂွမြို့အနီးတိုက်ပွဲမှ ဒဏ်ရာရရှိလာသော စစ်သားများကို ဆေးကုသစဉ် လာရောက်ကြည့်ရှု အားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဒဏ်ရာရ စစ်ခွေး ဘယ်လောက် လာပို့သွားလည်းဆိုတာတော့ မသိရသေးဘူး။ ဂွမြို့အခြေစိုက် ခမရ ၅၆၂ တပ်ရင်းက ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ငါးသိုင်းချောင်းမြို့ ဆေးရုံကို လာပို့တာလို့ သိရတယ်။ စစ်ခွေး ၂ ကောင်ကတော့ မနေ့က သေပြီလို့ သိရတယ်။ နောက်ပြီးတော့ ပုသိမ်မြို့ကနေ ထွက်ခွာလာတဲ့ ဧရာ၀တီတိုင်း စစ်ကောင်စီကလည်း ငါးသိုင်းချောင်းဆေးရုံကြီးကို လာရောက်တယ်လို့ သိရတယ်” ဟု ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ရခိုင်ပြည်၊ ဂွမြို့အနီးသို့ AA တပ်များက ထိုးစစ်ဆင်လာခဲ့ကြောင်း၊ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ် ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ အမြဲမပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ တိုက်ပွဲများမှာ ၂ လနီးပါး ကြာမြင့်လာကြောင်း၊ လက် ရှိ တွင် တိုက်ပွဲများမှာ ဂွမြို့နှင့်အနီးဆုံးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တပ်သားသစ်များ နှင့် တပ်ဖွဲ့ဝင်များ တောက် လျှောက်ဆိုသလို လက်နက်ချ အလင်းဝင်လျက်ရှိကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများလည်း အလွန်များပြားကြောင်း AA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်း ရခိုင်ပြည်၊ ဂွမြို့သို့ စစ်ကူတက်လာသော စစ်တပ်စစ်ကြောင်းတစ်ခုကို AA က ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ် ကြောင်းကို ဂွမြိုနယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများတွင် ၃ ရက် အတွင်း အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်သားအလောင်း ၁၂၀ ကျော်၊ စစ်သုံပန်းအချို နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်း သိမ်းဆည်းရရှိခဲ့ကြောင်း AA၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရခိုင်ပြည်၊ ဂွမြို့အနီး AA က ချေမှုန်းတိုက်ခိုက်ခဲ့သော စစ်တပ် စစ်ကြောင်းမှာ အင်အား ၁၈၄ ဦးပါဝင်ခဲ့ပြီး ဧရာ၀တီတိုင်းအခြေစိုက် တပ်ရင်းများ ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – လားရှိုးတိုက်ပွဲတွင် ဒဏ်ရာရ စစ်သုံ့ပန်း စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လားရှိုးတိုက်ပွဲတွင် ဒဏ်ရာရ စစ်သုံ့ပန်း စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article