ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံတစ်ဝှမ်း စစ်ရှုံးနေတဲ့အချိန်မှာပဲ အကြမ်းဖက် မင်းအောင်လှိုင်က နောက်ထပ် ပြင်ဦးလွင်မြို့မှာရှိတဲ့ ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်ကို တက်ရောက်ဦးမှာဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးအတွက် ကင်းပုန်းဝပ်ဖို့ လမ်းဘေးခွေးတွေကိုကပါ စီမံချက်နဲ့ အဆိပ်ချ သတ်ဖြတ်နေတယ်လို့ မြို့နယ် စည်ပင်အရာရှိ ၁ ဦး က ရန်ကုန်ခေတ်သစ်ကို ပြောထားသလို ၊ ဒေသခံပြည်သူတွေကလည်း ပြောထားပါတယ်။
- စစ်ကိုင်းတိုင်းက အင်းတော်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း ၂ ခုကို KIA-PDF ပူးပေါင်းတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူနဲ့ အသည်းအသန်ခုခံနေရတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်က သန္ဓပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးရဲဘော်တွေက မိုင်းခွဲတိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ဦးထိခိုက်ဒဏ်ရာရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar