18 C
Yangon

KIOခေါင်းဆောင်များ နှင့် တရုတ်အစိုးရအကြား တွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် KIO ထိန်းချုပ်နယ်မြေအတွင်းမှ တရုတ်-မြန်မာနယ်စယ်ဂိတ်များ အားလုံးကို တရုတ်နှင့်KIA တို့က ပြန်လည် ဖွင့်လှစ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင်များ နှင့် တရုတ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် KIO သိမ်းပိုက်ထားသော နယ်မြေပိုက်နက်အတွင်းမှ တရုတ်-မြန်မာနယ်စပ်ရှိ ဂိတ်များအားလုံးကို တရုတ်နိုင်ငံက ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း လိုင်ဇာ အခြေစိုက် KIO သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံး ဒီမနက်ပြန်လည်ဖွင့်ပါပြီ။ KIO လူကြီးတွေနဲ့တရုတ်အစိုးရ ကူမင်းမှာတွေ့ ဆုံဆွေနွေးမှုရဲ့ရလဒ်ဖြစ်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ သဘောတူ ဆွေးနွေးမှုတွေအရ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့သဘောတူ​ညီမှုရရှိတာဖြစ်ပါတယ်” ဟု လိုင်ဇာ အခြေစိုက် KIO သတင်းရင်းမြစ်က ရှင်းပြသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော KIO ကိုယ်စားလှယ်အဖွဲ့မှာ တရုတ်နိုင်ငံသို့ သွားရောက် ဆွေးနွေးလျက်ရှိပြီး လက်ရှိအချိန်အထိ တရုတ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ လိုင်ဇာသို့ ပြန်လည် ရောက်ရှိခြင်းမရှိသေးကြောင်း သိရှိရသည်။

လက်ရှိ KIO ထိန်းချုပ် နယ်မြေအတွင်းမှ ပြန်လည် ဖွင့်လှစ်လိုက်သော တရုတ်-မြန်မာနယ်စပ်ဂိတ်များတွင် လိုင်ဇာ၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ နယ်စပ်ဂိတ်များပါဝင်ပြီး KIO ထိန်းချုပ်နယ်မြေအတွင်းမှ ကျန်ရှိနေသေးသော တရုတ်-မြန်မာနယ်စပ်ဂိတ်များအားလုံးကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

KIA က တရုတ်-မြန်မာနယ်စပ်ရှိ ဂိတ်များအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံက တစ်ဖက်သတ် ပိတ်ပင်မှုများ လုပ်ဆောင်ထားခဲ့ရာမှ ယခုနောက်ဆုံးတွင် တရုတ်အစိုးရနှင့်ညှိနှိုင်းကာ ဂိတ်များ ပြန်လည် ဖွင့်လှစ်လာခြင်းဖြစ်ကြောင်း KIO သတင်းရင်းမြစ်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article