31 C
Yangon

စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့မှု ရွာလုံးကျွတ်ပြာကျ၊ ပြည်သူ ၃၀၀၀ ကျော်ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ပြတ်လပ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအုပ်စု၊ စမ်းကလေးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့မှု ရွာလုံးကျွတ်ပြာကျသွားကာ ပြည်သူ ၃၀၀၀ ကျော်ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီတပ်က စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအုပ်စု၊ စမ်းကလေးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းမှ ည ၈ နာရီအချိန်အထိ ကျေးရွာတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ စမ်းကလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး ယင်းသို့ ဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ စစ်တပ်က စမ်းကလေးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျေးရွာတစ်ခုလုံးကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စမ်းကလေးကျေးရွာမှာ အိမ်ခြေ ၉၇ လုံးရှိပါတယ်။ စစ်တပ်က မီးရှို့လိုက်လို့ အိမ်ခြေ ၄၁ လုံးကျော် ပြာကျသွားပါတယ်။ ပြည်သူတွေ အရမ်းကို ဒုက္ခရောက်နေပါတယ်။ တိုက်ပွဲမရှိဘဲ အိမ်တွေကို ဝင်မီးရှို့သွားတာပါ။ ပြည်သူ ၃၀၀ ကျော် အိမ်မကပ်နိုင်ဘဲ ထွက်ပြေးနေရတာ တစ်ပတ်ရှိသွားပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ပြည်သူများ ထွက်ပြေးရခြင်းဖြစ်၍ စစ်ဘေးရှောင်ရချိန် ၇ ရက်နီးပါးကြာမြင့်လာချိန်တွင် စားနပ်ရိက္ခာနှင့်ရေများ ပြတ်လပ်နေကြောင်း၊ နေထိုင်မကောင်းသော သက်ကြီးရွယ်အိုများလည်းရှိကြောင်း၊ ကံကောင်းထောက်မစွာဖြင့် လက်ရှိအချိန် ကျေးရွာ ပြည်သူများအားလုံး ဘေးကင်းပြီး စစ်တပ်၏ ဖမ်းဆီး သတ်ဖြတ်ခံရမှုမရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article